40.3

851 134 6
                                    

  ယန်ဆွေ့ ပန်းတွေ ကို မယူခဲ့ပေ။ အဲဒီအစား ပန်းတွေ ကိုင်ထားတဲ့ ကောင်လေး ကို ဖက်ထားလိုက်ပြီး ငုံ့နမ်းလိုက်သည်။ သူ့ရဲ့ အနမ်းတွေ က နူးညံ့သိမ်မွေ့မှုနဲ့ ပြည့်နှက်နေပြီး ပန်းတွေရဲ့ မွှေးရနံ့ကြောင့် လူကို မူးဝေသွားစေနိုင်သည်။ သူတို့ နမ်းတဲ့ အချိန် က ညနေစောင်းနေပြီး အလင်းရောင် ဖျော့ဖျော့သာ ကျန်တော့သည်။ သူတို့ ၂ယောက် နမ်းပြီးသွားတဲ့ အချိန်မှာ ကောင်းကင် က လုံးဝ မှောင်မဲသွားခဲ့သည်။

"အရမ်း မွှေးတာပဲ"

ယန်ဆွေ့ မုံ့ထင် ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ မုံ့ထင် က သူ့ကို ပန်းစည်း ပေးခဲ့ပေမယ့် သူ့အတွက်တော့ ပန်းစည်းကိုင်ထားပြီး ပန်းနံ့တွေနဲ့ ပြည့်နှက်​နေတဲ့ မုံ့ထင် က ပိုမွှေးနေခဲ့သည်။

မုံ့ထင် နှုတ်ခမ်းကို ဖွဖွကိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား ကြိုက်တယ်ဆိုရင် ကောင်းတာပေါ့"

အဲဒီနောက်မှာ ခဏလောက် စဉ်းစားပြီး ထပ်ပြောလိုက်သည်။

"နောက်ရက်တွေမှာ ခင်ဗျား အတွက် ထပ်ခူးပေးမယ်နော်"

မုံ့ထင် နဲ့ ယန်ဆွေ့ ၂ယောက်စလုံး က ဒီနှင်းဆီဖြူ ပန်းစည်းရဲ့ တန်ဖိုး ကို သတိမထားမိခဲ့ကြပေ။ မုံ့ထင် အရင်ဘဝ က ဖန်တီးခဲ့တဲ့ ရေမွှေး က ရွှေ ၁ကီလိုဂရမ်ထက်တောင် တန်ဖိုးရှိတယ်လို့ ပြောခဲ့ကြသည်။ အဲဒီလို လူသိများအောင် လုပ်တဲ့ လုပ်ငန်းစဉ် က တချို့သော ကိစ္စတွေ ကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့ပေမယ့် အဲဒီရေမွှေးကို သုံးဖူးတဲ့ လူတိုင်း က ဒီဈေးနှုန်း ကို အသိအမှတ်ပြု လက်ခံကြသည်။

ယန်ဆွေ့ လက်၁ဖက် က နှင်းဆီပန်းစည်း ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက် က မုံ့ထင်ရဲ့ လက်ကို ကိုင်ကာ လျှောက်သွားခဲ့သည်။ ခြံထဲက နေရာအနှံ့မှာ လူတွေ ရှိနေပြီး သူတို့ ကို လိုက်ကြည့်နေကြတာကို သတိမထားမိခဲ့ကြပေ။

Fနိုင်ငံ က သူတို့ရဲ့ နိုင်ငံထက် ယောက်ျားလေး ၂ယောက် ချစ်ကြိုက်မှုအပေါ် သက်ညှာမှု ပိုများသည်။ ယောက်ျားလေး ၂ယောက် ဖြစ်စေ၊ ယောက်ျား နဲ့ မိန်းမ ဖြစ်စေ လက်ခံကြပြီး နှလုံးသား ၂ခုရဲ့ အပြန်အလှန် ချစ်ခြင်းမေတ္တာက သူတို့ အတွက် ပိုအရေးကြီးသည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now