part 39 (Zaw ) Final

2.9K 26 2
                                        

တန်ခူးလေမှာမြေခခဲ့သည့်ရွှေဝါပိတောက်တွေလည်းခြောက်လုပြီးဖြစ်သည် တစ်လပြီးတစ်လကုန်ဆုံးသွားသောလည် ထိုဈေးမကြီးရွာလေးကတော့ပုံမှန်တိုင်းလည်ပတ်လို့နေသည် မိုးသောက်ယံဆိုဆွမ်းခံကြွလာသောကြေးစည်ခေါင်းလောင်းသံတွေ ရွာသားများမနက်ခင်းယာထဲဆင်းဖို့ပြင်ဆင်နေကြသည့်ပုံရိပ်တွေ တစ်ယောက်နှင့်တစ်ယောက်အော်ကာစကာ နောက်ပြောင်နေကြသောအသံတွေဖြင့် ဈေးမကြီးရွာလေးဟာ အရင်တိုင်းသာယာကြည်နူးဖွယ်ဖြစ်နေဆဲဖြစ်သည် ဇဂျမ်းရွာနှင့်လည်း ပြေလည်မူရှိသလောက်ဖြစ်ပြီးမို့ သူရွာဟဲ့ ငါရွာဟဲ့ဆိုသော အာဝါဒတွေဖယ်ကာ သွားလာနေကြပြီးလည်းဖြစ်သည် သို့သော် ထန်ရိုင်းစေကတော့ ဖိုးထောင်ကိုခုချိန်ထိအမြင်မကြည်သေး သူ၏နှောင်းဇေကိုအနာတရဖြစ်အောင်မလုပ်ခဲ့ဘူးဆိုရင် အမြင်ကြည်ကောင်းကြည်လိမ့်မည် ထို့အတူ နှောင်းဇေမှာလည်း မိသဲပေါ်အမြင်မကြည်

" သားငယ် မေမေ့ကိုပြောစမ်း ဘယ်သူလုပ်တာလည်း "

နှောင်းဇေကခြေသံလုံးလေးကိုပွတ်ကာငိုမဲ့မဲ့လေးဖြစ်နေသည်
ထန်ရိုင်းစေကတော့ လိမ်းဆေးဘူးကိုဘေးချကာ ဆေးလိမ်းပေးရန်ပြင်နေသည်

"မေမေ သွားဆုံးမပေးမယ် "

"မူယာ မင်းက ကလေးတွေထက်ပိုသွေးယွနေတဲ့ပုံပဲ"

" ဒေါ်မူယာတဲ့ ဒီရွာမှာနှစ်ယောက်မရှိဘူး ကျုပ်သားကိုထိရင်ဘယ်သူဖြစ်ဖြစ် ကျုပ်နဲ့တွေ့မှာပဲ"

"ဒီမိန်းမနဲ့တော့ ဟင်း "

ဦးမင်းညို ဘာစကားမှမပြောတော့ပဲငြိမ်နေလိုက်သည် ပြောလည်းနိုင်မှာမဟုတ်မှန်းသူသိသည်လေ ဒေါ်မူယာဆိုတာက သူ့၏သားကိုဆို စပ်စပ်ထိမခံတဲ့ အမေမျိုး

"မရဘူး မေမေ ဒီခါသားကို ဆုံးမလိုက်တာက ဟို..

"ဘယ်သူလည်း

ထန်ရိုင်းစေ က ဆေးလိမ်းပေးရင်းနားစွင့်နေသည် ဒီလိုဖြစ်အောင်လုပ်လိုက်သူကို ဘာကြောင့်များလွှတ်ထားပေးလို့ရပါ့မလည်း

"ဟို ရွာဦးကျောင်းက ဆရာတော်ကြီးကိုယ်တိုင်ဆုံးမလိုက်တာ "

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now