Part - 22 ( Unicode )

8.5K 445 29
                                        

" စည်းရေ......"

အပေါ်ထပ်ကနေ တဒုန်းဒုန်းဆင်းလာတဲ့အရင့်ခြေသံကိုကြားပေမယ့် စည်းမီးဖိုခန်းဆီကနေ အသံပြန်မပေးပဲ ငြိမ်နေလိုက်မိ၏ ။ အားနေ အသံပြဲနဲ့အော်နေတာကို စည်းတကယ်အမြင်ကတ်လွန်းပါသည် ။

" စည်းရေ ကိုကို့အချစ်လေး ဘယ်ရောက်နေတာလဲကွာ.... "

ရှက်ကြောပြတ်နေသလားထင်ရလောက်အောင် အော်နေသမျှ သူမရှက်ပေမယ့် စည်းမျက်နှာလေးစွေးစွေးနီနေတာကို အဒေါ်ကြီးကဘေးကကြည့်ပီးလှစ်ခနဲပြုံးလိုက်တာကြောင့် စည်းပိုပီးအရှက်သည်းသွားရတော့သည် ။ ရင့်အာဏာဆိုတဲ့လူက အခုနောက်ပိုင်းတွေ ပိုပီးမျက်နှာပြောင်တိုက်လာသလို အရှက်လဲတစ်စက်ကလေးတောင်မရှိတော့ ။ သူအိမ်မှာမရှိတဲ့တစ်ချိန်ပဲ စည်းအေးအေးဆေးဆေးနေရကာ အရင့်အိမ်ပြန်ရောက်လာပီဆိုတာနဲ့ စည်းခမျာ သားနှစ်ယောက်မွေးထားသလားတောင် အထင်မှားရသည်အထိ ။ အခုလဲ သူအိပ်နေတာကိုပစ်ထားခဲ့ပီး စည်းမီးဖိုချောင်ထဲရောက်နေတာကြောင့် တော်တော်ယောက်ယက်ခတ်နေပုံပင် ။

" အလင်း မင်းဖေဖေကိုတွေ့မိသေးလား "

" သိဘူး "

သားရဲ့ခပ်ဆတ်ဆတ်အသံလေးကြောင့် စည်းသဘောကျစွာပြုံးလိုက်မိသည် ။ တကယ်ဆို စည်းဒီမှာရှိနေမှန်းသားသားသိပါသည် မအားတာကြောင့် ဧည့်ခန်းထဲ အရုပ်ပုံတွေကြားထည့်ထားတဲ့သားသားက သူ့ဒယ်ဒီကိုဘာအလိုမကျသည်မသိ ခပ်ဂျစ်ဂျစ်အသံလေးနဲ့ ​ဘုတောလွှတ်သည် ။

" ဟေ့ကလေး လေသံကိုပြေပြေလည်လည်ပြောနော် "

အရင့်မကျေမလည်အသံကြီးထွက်လာပေမယ့် သားအသံလေးကိုတော့ စည်းမကြားလိုက်ရပါ ။ ခဏကြာ သားအဖနှစ်ယောက်ရဲ့တို့စိတို့စိ အသံလေးတွေကြောင့် စည်းမီးဖိုခန်းထဲကထွက်လာကာ အသာနားထောင်ကြည့်တော့....

" သားသား ဒယ်ဒီ့ကိုပြောစရာရှိတယ် "

သားသားရဲ့ မျက်ခုံးလေးပင့်တင်ပီး လူကြီးဆန်တဲ့လေသံနဲ့ဟန်ကြောင့် အရင့်ကမျက်ခုံးတွေစုကြုံ့သွားရကာ....

" ပြောပါဦး "

" ဒယ်ဒီ ဘာလို့ဖေဖေ့ကိုအချစ်လေးလို့ခေါ်ရတာလဲ "

The Shadow ( Ongoing )Место, где живут истории. Откройте их для себя