အပိုင်း(၂၀) [Unicode]

2.3K 57 3
                                        

မနေ့ည (၈)နာရီလောက်က ငွေနှောင်းတို့ အိမ်ပြန်ရောက်ခဲ့သည်..။ ခရီးပန်းလာသဖြင့် ယနေ့မှာ အလုပ်မသွားသေးပါ..။ တစ်ရက်လောက် အနားယူဦးမည်ဖြစ်သည်..။

တိတ်တခိုးသဘောကျခဲ့ရသူနှင့် ချစ်သူတွေဖြစ်သွားကြပြီ ဖြစ်သည့်အတွက် ယနေ့ဟာ အရင်တုန်းက နေ့ရက်များထက် ပို၍ ကြည်နူးစရာ ကောင်းနေသည်..။

"မမလေးရေ မမလေး"

လဝန်းငယ်၏ အော်ခေါ်သံကြောင့် ငွေနှောင်း ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ချထားကာ အောက်ထပ်သို့ဆင်းခဲ့လေသည်..။

"ခေါ်လိုက်တာလား ငယ်လေး"

"ဟုတ် ဧည့်သည်ရောက်နေတယ်"

လဝန်းငယ်သည် ငွေနှောင်းကို စိတ်အလိုမကျသည့် မျက်နှာထားနှင့် ဧည့်သည်ရောက်နေကြောင်း ပြောပြလိုက်သည်..။ မလုပ်စဖူး မျက်နှာထားလေးမို့ ငွေနှောင်းလည်း ဘာများဖြစ်တာလဲ ဟုမေးလိုက်လေသည်..။

"ဘာများဖြစ်တာလဲ ငယ်လေး ၊ မျက်နှာထား မကောင်းဘူးရော"

"ဧည့်သည်ကလေ သူများအိမ်ကိုလာပြီးတော့ ခိုင်းချင်ရာခိုင်းနေတာသိလား မမလေး"

ခိုင်းသည်ဟု ဆိုလာသည့်အတွက် ငွေနှောင်းလည်း မေးခွန်းဆက်လိုက်သည်..။

"ဟုတ်လား ၊ ဘယ်လိုခိုင်းတာတုန်း"

"ငယ်လေးကိုလေ ဟိုဟာလာချပေး ၊ ဒီဟာလာချပေးနဲ့ ဧည့်သည်လာရင် ဧည့်ဝတ်ကျေရမယ်ဆိုတာ ငယ်လေးသိပါတယ် ၊ ဒါပေမယ့်လေ အဲ့လိုလာပြီးတော့ ခိုင်းနေတာမျိုး မကြိုက်ဘူး ၊ မမလေးနဲ့သခင်လေး ခိုင်းတာကိုပဲ လုပ်ပေးချင်တာ"

သူမကို ကလေးလို လာတိုင်ပြောနေသည်က ချစ်စရာကောင်းလွန်းလှသည်..။ လဝန်းငယ်သည် ငွေနှောင်းနှင့် အတူရှိလျှင် လွတ်လွတ်လပ်လပ်ရှိတာမို့ စကားကို လွတ်လွတ်လပ်လပ်ပြောနိုင်သည်..။

"ငယ်လေးတော့နော် စကားတွေတတ်နေတာ ၊ အနှောင်း ဧည့်သည်ဆီ သွားလိုက်ဦးမယ်သိလား ၊ လက်ဖက်သုပ်လေး လာချပေးလှည့်နော်"

"ချပေးပြီးပြီ မမလေး ၊ သူခိုင်းလို့ အမြန်လုပ်ပေးလိုက်ရတယ်"

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Donde viven las historias. Descúbrelo ahora