Chapter 48

2K 192 9
                                    

အပိုင်း (၄၈) - နောက်ဆုံးအပိုင်း

👻👻👻

တစ်ပတ်ကြာတော့ ဝမ်ကယ့်ဖျော်ဖြေပွဲကို စီစဉ်ထားသည့်အတိုင်းကျင်းပခဲ့သည်။ ညနေ (၅) နာရီ၌ ဖျော်ဖြေပွဲကျင်းပရာနေရာသို့ ဖန်များနှင့်မီဒီယာများကင်မရာကိုင်ကာ အသီးသီးရောက်ရှိလာသည်။

ဝမ်ကယ် မိမိအချစ်ရေးကိုလူသိရှင်ကြားထုတ်ပြပြီးနောက်ပိုင်း ဒီတစ်ကြိမ်က ပထမဦးဆုံးလူလုံးထွက်ပြခြင်းဖြစ်သည်။ ထို့ကြောင့်မီဒီယာများက ဒီအကြောင်းနှင့်ပတ်သက်၍ ဦးဦးဖျားဖျားသတင်းထူးရယူလိုကြသည်။ တစ်ချိန်တည်းမှာ သူတို့ကဖျော်ဖြေပွဲတွင် ကုန်းကျယ်များပေါ်လာလေမလားဆိုပြီး မျှော်လင့်စောင့်စားလျက်ရှိသည်။

ည(၇)နာရီ၌ဖျော်ဖြေပွဲကျင်းပရာနေရာသို့ လူများတစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်။  ဖျော်ဖြေပွဲသို့ လတ်တလောနာမည်ကြီးနေသည်ကိုအကောင်းဆုံးအသုံးချရန် ဝမ်ကယ့်ကုမ္ပဏီမှမီဒီယာကြီးအချို့ကိုချွင်းချက်ထားဖိတ်ခေါ်ကာ ဖျော်ဖြေနေစဉ်တစ်လျှောက် မှတ်တမ်းတင်ရိုက်ကူးခွင့်ပြုထားသည်။ သို့သော် ဖျော်ဖြေပွဲအဆုံး၌အင်တာဗျူးဖြေမဖြေကတော့ ဝမ်ကယ့်သဘောဖြစ်သည်။ ဤသို့ဆိုလျှင်တောင် လူတိုင်းကအလွန်ကျေနပ်ကြကာ နေရာကောင်းများရယူဖို့ ပွဲမစခင်ကပင်စောစောစီးစီးလာရောက်၍ ပစ္စည်းကိရိယာများတပ်ဆင်ထားကြသည်။

ည(၈)နာရီ၌ ဖျော်ဖြေပွဲတစ်ကွင်းလုံးမီးများပိတ်သွားပြီး စင့်မြင့်ထက်မှမီးရောင်များလင်းလက်လာသည်။ စပီကာမှတစ်ဆင့် ပွဲဦးထွက်ကတည်းကထွက်ရှိထားသော ဝမ်ကယ့်သီချင်းများ စတင်ထုတ်လွှင့်လာကာ သီချင်းတိုင်းကပရိသတ်အားလုံးကိုအတူတူလိုက်ပါသီဆိုမိစေသည်။

ယင်ယွီထျန်းတစ်ယောက် ပရိသတ်များ ညီညီညာညာကျယ်လောင်စွာသံပြိုင်သီဆိုနေသံကိုကြားတော့ တအံ့တဩဖြစ်မိသည်။ ကြည့်‌ရတာ ကိစ္စများဖြစ်ပျက်ပြီးတာတောင် ဝမ်ကယ်၏အောင်မြင်ကျော်ကြားမှုကို ထိခိုက်ပုံမရပေ။

နောက်ထပ်မိနစ်(၂၀)ကြာတော့ သီချင်းသံများရပ်တန့်သွားသည်။ ဖန်များလည်း လိုက်လံသီဆိုနေသည်များရပ်ကာ ပရိသတ်များအားလုံးအသံတိတ်သွားသည်။ ထို့နောက် စင်မြင့်အလယ်သို့ အလင်းတန်းတစ်ခုကျရောက်လာသည်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Donde viven las historias. Descúbrelo ahora