ညကလေ့ကျင့်ခန်းလုပ်ပြီး
ပင်ပန်းသွားတာနဲ့ ညီကိုဖက်အိပ်လိုက်တာ
အိပ်ပျော်သွားတယ် ....
နိုးလာတဲ့အချိန်ပတ်ဝန်းကျင်ကို
ကြည့်လိုက်တော့မှ ကိုယ့်အခန်းမဟုတ်တာ
ကိုသတိရတယ် ....
ဝမ်းလေးအိပ်နေတာနဲ့
ဘာမှမပြောပဲထွက်လာခဲ့တာ
ဝမ်းလေး၁ယောက်တည်း
အိပ်နေရတော့မှာ
အဲ့တာနဲ့ ဘေးနားအိပ်နေတဲ့
ညီ့ကို နှိုးပြီး
"ညီထတော့ ....
အိမ်ပြန်ရအောင် ကိုယ်တို့
ဟိုတယ်မှာအိပ်နေတာ
လူကြီးတွေစိတ်ပူတော့မယ် ...
ကိုယ်ညက ဖုန်းမဆက်လိုက်ရဘူး...."
"အင်း....ဘယ်နှနာရီရှိပြီလဲ....."
ညကပင်ပန်းထားတော့
အိပ်ချင်မူးတူးရုပ်လေးနဲ့
မေးလာတော့
ပါးလေးကိုငုံနမ်းပြီး
"၄နာရီပဲရှိသေးတယ် ...
အိမ်ကျမှပြန်အိပ်တော့
လူကြီးတွေစိတ်ပူနေမှာစိုးလို့
ထတော့ ကလေးလေး..."
"အင်း....ဆွဲထူပေး ..
ခါးတွေ ညောင်းပြီး
နာနေတယ် ...."
"ဟုတ်လား ...
ကိုကို့ကလေးလေးနာသွားပြီ
ကိုကိုနှိပ်ပေးမယ် ...."
"ရတယ်....
ထူပေးထတော့မယ် ...
အိပ်ကျမှပြန်အိပ်မယ် ..."
"ok....လာခဲ့...."
ဆွဲထူပြီး ပွေ့ဖက်လိုက်ပြီးတော့
ရေချိုးခန်းမှာ သန့်ရှင်းရေးလုပ်ပြီး
မနေ့က ရေစိုနေတဲ့ အင်္ကျီပဲ
ပြန်ဝတ်ခိုင်းပြီး ပြန်လာရတယ်
အဝတ်တွေလည်း
မလျော်ခိုင်းလိုက်ရဘူး ....
အိမ်ပြန်ရောက်တော့
လူကြီးတွေနိုးမှာစိုးတာနဲ့
ကိုယ်မှာ ပါတဲ့သော့နဲ့ ဖွင့်ပြီး
အိမ်ထဲဝင်လာတော့ ...
အမေက နိုးနေပြီ
"သားတို့ရယ် ဘယ်လို့ဖြစ်တာလဲ...
အမေ့မှာ တညလုံးကောင်းကောင်းမအိပ်နိုင်ဘူး
စိတ်ပူနေတာနဲ့ ...."
"တောင်းပန်ပါတယ် အမေ
သားက ဖုန်းဆက်ပြောလိုက်ရမှာ
အိပ်ပျော်သွားတယ် ....
ညီအဝတ်တွေသွားလဲပြီး
အိပ်လိုက်တော့
ကိုကိုကပဲ အမေတိုကိုရှင်းပြလိုက်မယ် ..."
"ဟုတ်ကဲ့..."
ဆိုပြီး အိမ်ပေါ်တက်သွားတယ်
ကိုယ်ကပဲ အမေတို့ကို
စိတ်မပူတော့ဖို့
အကျိုးအကြောင်းပြောပြပြီး
လူကြီးတွေကိုပြန်အိပ်ခိုင်းပြီး
အပေါ်ကို လိုက်တက်လာခဲ့တယ် ...
BINABASA MO ANG
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...
