Part 19

19.4K 1K 26
                                        

U+Z

ထောင်ကထွက်လာတဲ့သူ့ကို မေမေက လုံးဝအမြင်မကြည်တာကြောင့် ချိန်း အိမ်မှာနေတာများပြီး လေးလေးဆီမှာပဲနေဖြစ်သည်။ လေးလေးရောကိုကြီးရောက သူ့ဘဏ်ကဒ်ထဲ ငွေအပြည့်ဖြည့်ပေးနေတာကြောင့် သူလုပ်ချင်ရာကိုလုပ်လို့ရသည်။

"သားယော လေးလေးနဲ့အလုပ်အတူတူ မလုပ်ချင်ဘူးလား"

လေးလေးမေးလိုက်တိုင်း မလုပ်ချင်ဘူးပဲဖြေခဲ့တဲ့သူက ဘယ်တော့မှ အလုပ်လုပ်ဖို့လဲ စိတ်ကူးမရှိ။ အခုလဲ ကျောပိုးအိတ်တစ်အိတ်နဲ့လိုအပ်တာထည့်ကာ ခရီးသွားဖို့ ဆင်းခဲ့လိုက်သည်။ သူတစ်ယောက်ထဲသွားမှာဖြစ်ပြီး ကဒ်ထဲငွေအလုံအလောက်ရှိနေတာကြောင့် ဘယ်ခရီးသွားသွား ငွေရေးကြေးရေးကို စိတ်မပူရ။ လေးလေးကိုနှုတ်ဆက်ပြီး ချိန်း ကားမောင်ထွက်ခဲ့လိုက်တဲ့ခရီးက အစီအစဉ်မရှိပဲ သွားချင်တဲ့နေရာတွေကို သွားဖို့ဆုံးဖြတ်ထားသည်။ သူ့ကိုဖုန်းဆက်မယ့်သူဆိုလို့ ကိုကြီး၊ လေးလေးနဲ့ မမပဲရှိကာ ဖေဖေကတော့ တစ်ခါတရံ ဆက်သည်။ အခုလဲ ပုဂံကိုခရီးဆက်နေတဲ့သူ့ကို ဖေဖေက ဖုန်းဆက်လာ၏။

"အင်း ဖေဖေ"

.....

"မှီလဲမမှီတော့ဘူးလေ။ မမှီမယ့်အတူတူ မပြန်တော့ဘူးဖေဖေ"

ဖေဖေလဲသူ့ကိုအတင်းပြန်လာလို့မခေါ်ပါ။ ကိုကြီးမင်္ဂလာဆောင် ညဘက်လုပ်မှာကို ခေါ်နေတာ။ သူတို့ပြင်ဆင်နေတာကြာပြီနေမှာပေါ့။ သူ့ကိုမပြောပဲနဲ့ ညလုပ်မယ့်ပွဲကို နေ့လည်မှ ဖုန်းဆက်ရတယ်လို့။ အရင်ထဲက တက်စေချင်ရင် မင်္ဂလာပွဲစစီစဉ်ထဲက ပြောသင့်တာမဟုတ်ဘူးလား။ ချိန်း ဖုန်းထားခဲ့ကာ အပြင်လျှောက်လည်ဖို့လုပ်လိုက်သည်။ သွားခဲ့တဲ့ခရီးတိုင်းလဲ လမ်းညွှန်မခေါ်ပဲ ချိန်းကစိတ်ကြိုက်ကိုယ်ကြိုက်တဲ့နေရာကိုယ် သွားလေ့ရှိသည်။ တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်လာမှာကိုမလိုချင်တာကြောင့် ချိန်းအပြင်ထွက်လျှောက်လည်မယ့်အချိန် ဖုန်းကို ဟိုတယ်ထဲမှာထားခဲ့လိုက်၏။

........

တစ်နေကုန်အပြင်လျှောက်သွားပြီး ပြန်ရောက်လာတဲ့သူက ရေချိုးပြီးဒင်နာထွက်စားပြီးမှ ဖုန်းကိုယူကြည့်ဖြစ်၏။ ကိုကြီးပို့ထားတဲ့ မင်္ဂလာပုံကိုကြည့်လိုက်မိမှ ကိုကြီးလက်ထပ်တာအမျိုးသားတစ်ယောက်နဲ့ဆိုတာ သိလိုက်ရသည်။ သူက ဒီလောက်ထိမသိတဲ့ မိသားစုပတ်သက်မှုမျိုးဖြစ်နေ၏။ ပျော်နေတဲ့ကိုကြီးရယ် ကိုကြီးဘေးမှာ သွားတွေပေါ်အောင်ရယ်နေတဲ့ ကောင်လေးတစ်ယောက်။ ဖြူဖြူဥဥလေးနဲ့ ကိုကြီးနဲ့လက်ထပ်ပြီးပျော်နေပုံပေါက်သည်။ ကိုကြီးကလည်း ဒီလိုမျိုး ယောက်ျားလေးတစ်ယောက်ကိုလက်ထပ်တယ်တဲ့လား။ ကိုကြီးဒီလိုလက်ထပ်တော့ မေမေကခွင့်ပြုတယ်တဲ့လား။ သူလက်ထပ်ရင်ရော....မေမေကသူ့ကိုဘယ်လောက်တောင်နှိမ်လိုက်မလဲ။ ချိန်း ဖုန်းကိုဘေးချလိုက်ရင်း အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။ မျက်လုံးတွေမှိတ်ပြီး နဖူးပေါ်လက်တင်လိုက်တာနဲ့ ထောင်ကထွက်တဲ့နေ့ကို စဉ်းစားမိသွား၏။ စောထွက်လို့ရတဲ့သူက ပျော်ပြီးအိမ်ကိုပြန်လာခဲ့ပေမယ့် အိမ်ရောက်တာနဲ့တစ်အိမ်လုံးက သူမရှိတဲ့အချိန်မှာ ဘယ်လောက်တောင်ပျော်နေလိုက်လဲ။ သူပြန်လာတာနဲ့ပိုပျော်မယ်ထင်ထားခဲ့ပေမယ့် မေမေကသူ့ကိုမြင်တာနဲ့ မျက်နှာပျက်သွားခဲ့တယ်။ အံ့ဩသွားအောင် အိမ်ပြန်ခဲ့တဲ့သူက အံ့ဩသွားတဲ့သူကလည်း ကိုယ်ပဲဖြစ်နေခဲ့တယ်။ မေမေက သူ့ကိုအလိုမရှိဘူး။ ထိုအချိန်ကစပြီး သူလေးလေးနဲ့လိုက်နေကာ အပြင်မှာပဲ အနေများတော့တာ ဒီနေ့အထိပင်။

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Where stories live. Discover now