Vol 3🐉9🐉နံရံကြိုးပိုးကောင်

366 49 3
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)

Chapter (9)
နံရံကြိုးပိုးကောင်

“ဓာတ်မီး ပိတ်ရမယ်?”

ဝူရှဲ့ ကြားလိုက်တာနဲ့ စိတ်ရှုပ်သွားတော့သည်။ ဒါက သေလမ်းရှာတာ မဟုတ်ဘူးလား။ သူတို့ထဲက နောက်တစ်ယောက် ထပ်လျော့သွားရင် ဘယ်လိုလုပ်မလဲ။ ဘုန်းကြီးဟွာကို ဝူရှဲ့ ကမန်းကတန်း လှမ်းကြည့်ရင်း သူဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မျှော်လင့်တကြီး ကြည့်နေလိုက်သည်။

ဘုန်းကြီးဟွာလည်း အလွန်အမင်း ထိတ်လန့်သွားကာ သူ့ကိုဝူရှဲ့ ကြည့်နေတာ မြင်တော့ သူက ပြန်မေးလာ၏။

"ပိတ်မလား?"

ဖက်တီးက ဓာတ်မီးကို အရင်ပိတ်ပြီး "သူပြောတာ နားထောင်ပြီး ကြည့်ကြည့်ရအောင်!"

ဝူရှဲ့ ဓာတ်မီးကို ချက်ချင်း ပိတ်လိုက်တော့ ဘုန်းကြီးဟွာနဲ့ တခြားသူတွေကလည်း တယောက်ပြီး တယောက် ပိတ်လိုက်ကြသည်။ ရုတ်တရက် ပတ်ဝန်းကျင်က လုံးဝ အမှောင်ကျသွားတော့သည်။ ထို့နောက် ခေါင်မိုးကို အမြန်မော့ကြည့်လိုက်တော့ ပထမတော့ မှောင်နေသေးလို့ မမြင်ရပေ။

ဒါကြောင့် ဖက်တီးတစ်​ယောက် ကျိန်စာတိုက်တော့မယ့် အချိန်မှာပဲ ရုတ်တရက် လင်းထိန်သွားကာ ခေါင်မိုးပေါ်တွင် မရေမတွက်နိုင်သော အစိမ်းရောင် အလင်းတန်းလေးများ ထူထပ်စွာ စုဝေးနေတာကို တွေ့လိုက်ရသည်။ ပထမတစ်ချက် ကြည့်လိုက်လျှင် ကောင်းကင်မှာ ကြယ်ပင်လယ်ကြီးကို မြင်လိုက်ရသလိုပဲ။

"ဒါက ကြယ်၅၀​မြေပုံပဲ!"

ဘေးနားက ဘုန်းကြီးဟွာရဲ့ အသံကို ကြားလိုက်ရသည်။ ဝူရှဲ့ မျှော်ကြည့်မိပြန်၏။ သေချာတာပေါ့။ အပေါ်က မီးစိမ်းပြကွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံသဏ္ဌာန်ဟာ ကြယ်ငါးဆယ်ပွင့်ဇယားနဲ့ ဆင်တူပေမယ့် သေချာကြည့်တော့ သိပ်မဆင်တူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမီးစိမ်းပြကွက်တွေက တကယ်ကြီး ရွေ့လျားနေ​ကြ​လေသည်။

"ငါ ချမ်းသာတော့မယ်! ညလင်းပုလဲတွေ အများကြီးပဲကွ!"

ဖက်တီး အံ့သြစွာ ပြောလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Dove le storie prendono vita. Scoprilo ora