Vol 3🐉10🐉ခြေတစ်ရာနတ်နဂါး

383 51 1
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)

Chapter (10)
ခြေတစ်ရာနတ်နဂါး

ချန်ဖီအားစစ်၏ သံစကျင်ကျောက်များ ပျံသွားပြီးနောက် မီးတောက်မီးလျှံများက ချက်ချင်း မှိန်ဖျော့သွားပြန်သည်။ သံစကျင်ကျောက်သည် နောက်ဆုံးတွင် အမည်မသိနေရာကို ထိမှန်ကာ ပြတ်သားသော အသံထွက်ပြီး မြေပေါ်သို့ လိမ့်ကျသွားသည်။

မီးတောက် ထတောက်ပြီးတာနဲ့ အားလုံးက အရိပ်ကြောင့် လန့်​ဖြတ်သွားလေသည်။ ရွှင့်ကျစ်မှာ ပိုလို့တောင် ထိတ်လန့်သွားပြီး။

"အဲဒါ ဘာကြီးလဲ?"

ဘုန်းကြီးဟွာသည် စကားဆက်မပြောနိုင်ရန် သူ့ပါးစပ်ကို ချက်ချင်း ပြေးပိတ်လိုက်သည်။ ကျန်တဲ့လူတွေကလည်း ခပ်မြန်မြန် သဘောပေါက်သွားကာ ကိုယ့်ပါးစပ်ကို ပြန်ပိတ်ထားလိုက်ကြသည်။

ချန်ဖီအားစစ်က သူတို့ကို အရမ်းစိတ်မပူဖို့ အမူအရာပြပြီး ဘုန်းကြီးဟွာကိုလည်း မျက်စိနဲ့ အချက်ပြလိုက်သည်။ ထို့နောက် သူတို့ဘေးက မီးအိမ်ကို လက်တစ်ဖက်တည်းနဲ့ မီးငြိမ်းပစ်ကာ တစ်ဖက်က မီးအိမ်ဆီ ချက်ချင်း ခုန်တက်သွားတော့သည်။

ချန်ဖီအားစစ်ရဲ့ အေးဆေး တည်ငြိမ်နိုင်မှုကိုတော့ ဝူရှဲ့တကယ် လေးစားသွားရသည်။ ဒီလိုထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူတို့ပတ်ဝန်းကျင်က အလင်းရင်းမြစ်ကို ငြိမ်းသတ်ပစ်ဖို့ ဘယ်သူကမှ တွေးရဲမှာမဟုတ်ဘူး။ သူတို့ပတ်ဝန်းကျင်မှာ ပိုတောက်ပလာလေ ပိုကောင်းလာလေပဲလို့ အားလုံးက မျှော်လင့်နေကြတာလေ။ ဒါပေမဲ့ တကယ်တော့ ဒီအခြေအနေမှာ မှောင်မိုက်ထဲ ရောက်နေပြီ။

မီးအိမ် ငြိမ်းထွက်သွားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်က ရုတ်တရတ် မှောင်မည်းသွားပြန်သည်။ အမှောင်ထု၏ မြူခိုးထူထူများက သူတို့ကို ဝိုင်းရံထားသော် တစ်ဖက်ရှိ မီးအိမ်သည် ပို၍တောက်ပလာပုံရသည်။

သူတို့သည် သူတို့ဓာတ်မီးများကို တိတ်တဆိတ် ထုတ်ကာ အသက်အောင့်လျက် ဟိုဘက်ခြမ်းက အရိပ်ကိုလည်း စောင့်ကြည့်​နေကြသည်။  ပတ်ဝန်းကျင်က အမှောင်ထုသည် သူတို့၏ အာရုံကြောများကို လှုံ့ဆော်ပေးကာ ရုတ်တရက် နှလုံးခုန်သံကိုပင် ပြင်းပြင်းထန်ထန် ပြန်ကြားနေရသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Donde viven las historias. Descúbrelo ahora