အပိုင်း 2

4.8K 201 10
                                        

အပိုင်း 2

မနက်မိုးလင်းသည်နှင့် လမင်းငယ်တစ်ယောက် လုပ်စရာရှိသည့်အိမ်အလုပ်တွေကို ပုံမှန်အတိုင်းလုပ်လိုက်သည်။

စိတ်အဆင်‌မပြေသည့် အခါမျိုးမှာ လုပ်နေကျအိမ်အလုပ်တွေမလုပ်ဘဲပစ်ထားတတ်တဲ့အကျင့်ရှိပေမယ့် မမနွေက ထိုအကျင့်ကိုပြင်ပေးခဲ့သည်။

ဘယ်လိုပင် စိတ်အဆင်မပြေဖြစ်နေပါစေ လုပ်စရာရှိတာ ဆက်လုပ်ဖို့၊အိမ်အလုပ်ကအစ အခြားတာဝန်တွေအဆုံး အရာရာမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်လို့ သူ့အား နားလည်‌အောင် ပြော‌ဆိုဆုံးမခဲ့တာ မမနွေရိပ်ငြိမ်ပင်။

စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးလည်း ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့၊နားလည်လွယ်ဖို့၊ဒေါသကို ရှေ့တန်းမတင်ဖို့ မမနွေက ဆုံးမခဲ့သေးသည်။

မမနွေဆုံးမပေမယ့် လူသားထဲက လူသားတစ်ယောက်ဖြစ်တဲ့ မင်းငယ်မှာ  တစ်ခါတစ်ခါအမှားတွေလုပ်မိတတ်သည်။

အဲ့လိုအမှားမျိုးတွေလုပ်မိတဲ့အခါမှာလည်း မမနွေက နားလည်အောင်ပြောပြရှင်းပြပြီး ဆုံးမသည်။

ခွင့်လွှတ်နိုင်တဲ့အမှား၊ခွင့်မလွှတ်နိုင်တဲ့အမှား၊နောင်တရစေနိုင်တဲ့အမှား၊မသိမသာမှားလိုက်မိတဲ့အမှား၊တမင်လုပ်ချမိလိုက်တဲ့အမှား၊အမှားသေးသေးလေးတွေကအစ အမှားအကြီးကြီးတွေအဆုံးဘယ်လိုအမှားတွေကိုမဆို  မမနွေကို မင်းငယ်ပြောပြတတ်သည်။

မမနွေက လူကြီးဆန်ပြီး သိပ်ချစ်ဖို့ကောင်းသည်။

ဂျီကျပြီး ဆိုးလို့ရတဲ့ရင်ခွင်၊နွေးထွေးတဲ့ရင်ခွင်ဖြစ်တဲ့ မမနွေရင်ခွင်က မင်းငယ်အတွက် ဘယ်အရာနဲ့မှလဲလို့မရတဲ့ တန်ဖိုးထားရတဲ့ရင်ခွင်တစ်ခုပင်။

ဆိုးလို့ဂျစ်လို့ အဆူခံရတဲ့အချိန်တွေကို မင်းငယ်သ‌ဘောကျသည်။

မမနွေဆူတာက သိပ်ချစ်ဖို့ကောင်းသည်။

တစ်ခါတစ်ခါ သူ့လက်မောင်းကို ဆိတ်တတ်တဲ့ မမနွေ၊တစ်ခါတစ်ခါ ကြက်မွှေးကိုင်ပြီးခြောက်တတ်တဲ့မမနွေ၊တစ်ခါတစ်ခါ နားရွက်ကို ဆွဲလိမ်တတ်တဲ့မမနွေ...မမနွေရဲ့ ဘယ်လိုပုံစံကိုမဆို မင်းငယ်သိပ်မြတ်နိုးသည်။သိပ်ကြင်နာသည်။သိပ်ချစ်သည်။သိပ်တွယ်တာသည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ