ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)
Chapter (18)
ဂိတ်ခန်းမ (၂)
"ဘာလုပ်နေတာလဲ မြန်မြန်ဆင်းလာခဲ့!"
ဝူရှဲ့ စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။ ဒီလိုအခြေအနေမျိုးမှာတောင် သူက မျက်နှာကျက် တန်းပေါ်ကို တက်နေဆဲပင်။ သူ့ဦးနှောက်က ဘယ်လိုများ ကြီးထွားလာလဲ တကယ်ကို စဥ်းစားလို့ မရတော့ချေ။
ဖက်တီး ဝူရှဲ့ကို လျစ်လျူရှုသွားခဲ့သည်။ သူက တွယ်တက်နေတာ အရမ်းမြန်ပြီး တန်းပေါ်ကို ခြေလှမ်း အနည်းငယ်လှမ်းပြီးမှ လှည့်ကြည့်လာသည်။
"ဘာတွေလန့်နေတာလဲ ငါက သုံးနှစ်သား ကလေး မဟုတ်တော့ဘူးကွ တစ်ခုခုမှားနေရင် ပြန်ဆင်းလာခဲ့မယ်"
ဆိုပြီးနောက် တွယ်တက် လိုက်ကာ သူနဲ့အနီးဆုံး ခန္ဓာကိုယ်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုအခါမှ ဝူရှဲ့ ရုတ်တရက် လန့်နိုးလာပြီး ဖက်တီးတစ်ယောက် Type 56 ကို စိုက်ကြည့်နေမှန်း သိလိုက်တော့သည်။ ဒီကောင်က စည်းမဲ့ကမ်းမဲ့ ဖြစ်ရတာကို ကျင့်သားရနေပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ သူ့ကို ဘာမှ မလုပ်နိုင်တာကြောင့် ဝူရှဲ့မှာ ဒေါသသာ ထွက်နေရတော့သည်။
ဖက်တီးသည် သတိထားပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ၏အလေးချိန်က အလွန်ကြီးမားသဖြင့် တံခါးဝရှိ ခန်းမဆောင် တံစက်မြိတ် တစ်ခုလုံး တုန်ခါသွားကာ မငြိမ်မသက်အသံများပါ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အပေါ်စီးမှ သစ်သားပြားများစွာ ပြုတ်ကျလာသ၏။ ဖက်တီးကြောင့် ဦးခေါင်းထက်က တည်ဆောက်ပုံ တစ်ခုလုံး ပြိုကျသွားမှာကို စိုးရိမ်သဖြင့် ဝူရှဲ့တို့ နောက်သို့ ဆုတ်သွားကြသည်။
ဖန့်ကျစ်က သူ့ကိုယ်ပေါ်ရှိ အမှိုက်များကို ဖယ်ရှားရင်း ဆိုလိုက်သည်။
"မင်းရဲ့ အမိုက်စား အချိန်လေးကလည်း... ငါတို့အားလုံး ပိသေတော့မယ်"
ဖက်တီးက တောင်းပန်သည့် အမူအရာ လုပ်ပြကာ အလောင်းဘေးနားသို့ လျှောက်သွားသည်။ သူက ပထမဆုံး အလောင်းပေါ်က Type 56 အမျိုးအစား သေနတ်ကိုယူကာ ဖန့်ကျစ်ဆီ ပစ်ပေးလိုက်သည်။ ဆက်ပြီး အလောင်းဆီက ကျည်ဆန်များကို ရှာ၍ ချက်ချင်းထုတ်ကာ သူ့အိတ်ထဲ ထိုးထည့်ပြီး နောက်ဆုံးတော့ အလောင်းကို ကြည့်လိုက်သည်။
ESTÁS LEYENDO
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Ficción históricaThe lost tomb LAရဲ့ novelပါ
