44.2

533 90 1
                                    

အနမ်း က ယန်ဆွေ့ မုံ့ထင်ရဲ့ ဆံပင်လေးတွေ ကို ထိတွေ့နေသလိုမျိုး ပေါ့ပါးပြီး ညင်သာနေခဲ့သည်။ သက်တောင့်သက်သာရှိမှု က မုံ့ထင် ကို အိပ်ငိုက်လာစေခဲ့သည်။ အဲဒါကြောင့် မျက်လုံး ကို မှိတ်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့ပြန်သည်။

နေ့လယ် ၂နာရီမှာ မုံ့ထင် နိုးလာခဲ့သည်။ ယန်ဆွေ့ သူ့ရဲ့ ကိုယ်ပူချိန် ကို ထပ်စစ်ကြည့်လိုက်တော့ အဖျား မရှိတော့ဘဲ ကောင်လေးကို ကြည့်ရတာ အားအင် အပြည့်နဲ့ အရမ်း ကို တက်ကြွနေတဲ့ပုံ ပေါ်သည်။ တစ်ခုခု ထပ်မဖြစ်ရလေအောင် ရေချိုးခန်းထဲ သွားတာဖြစ်ဖြစ်၊ ဧည့်ခန်းကို သွားရင်ဖြစ်ဖြစ် ယန်ဆွေ့ က သူ့ကို ပွေ့ချီသွားခဲ့သည်။

ယောက်ျားလေး ၂ယောက် က ခွဲနေတာမျိုး မရှိဘဲ ကော်နဲ့ ကပ်ထားသလိုမျိုး ပူးကပ်နေခဲ့သည်။

မုံ့ထင် အချိန်အကြာကြီး အိပ်ခဲ့ရသည်။ သူ နိုးလာပြီးနောက် ယန်ဆွေ့ ဘယ်လောက်ပဲ ချော့သိပ်နေပါစေ သူ အိပ်မပျော်တော့ပေ။ ယန်ဆွေ့ မုံ့ထင်ရဲ့ အင်္ကျီ ကို ထပ်ချွတ်ချလိုက်ပြီး hotel အနီးအနား က နေရာတွေ ကို လမ်းလျှောက်ထွက်ရင် အဆင်ပြေပါ့မလား သေချာအောင် စစ်ဆေးကြည့်လိုက်သည်။

သူတို့ ၂ယောက် ဓာတ်လှေကားထဲ က ထွက်လာတဲ့ အချိန်မှာ ဆံပင် ရွှေရောင်နဲ့ အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ရဲ့ အရပ် က ယန်ဆွေ့နဲ့ အတူတူလောက် ဖြစ်သည်။ ယန်ဆွေ့ ကို တွေ့လိုက်တာနဲ့ ချက်ချင်း ပြုံးသွားခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေ က အရမ်း ကို ဆွဲဆောင်မှု ရှိနေခဲ့သည်။

သူ့အနားကနေ ဖြတ်သွားတဲ့ ဧည့်သည်တွေ က သူနဲ့ တွဲပြီး ဓာတ်ပုံရိုက်ချင်နေပေမယ့် ဝန်ထမ်းတွေ က တားခဲ့သည်။

"ယန်၊ ငါ မင်းကို လာရှာတော့မလို့"

သူက ပြောလာခဲ့သည်။ မုံ့ထင် ကို ကြည့်ပြီးနောက် သူ့ရဲ့ အပြုံး က ပိုပြီး ကြီးမားလာခဲ့သည်။

"မုံ့ရှီ?"

"မုံ့ထင် ပါ"

ယန်ဆွေ့ သူ့ကို အမှန်ပြင်ပေးလိုက်ပြီး သူ့ကို မုံ့ထင်နဲ့ မိတ်ဆက်ပေးလိုက်သည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now