<Unicode>
မနက် ဆူညံသံကြောင့် မြဧကရီနိုးလာခဲ့သည်။တံခါးဝကို ကြည့်လိုက်တော့ သူ့မိဘတွေက သူ့ကိုစိတ်မကောင်းသလိုကြည့်နေကြပြီး သန့်စင်သွေးတို့မိသားစုက ကြောက်နေကြသည်။
မြယမှုံကတော့ သူကြံစည်ထားသလိုမဟုတ်တာကြောင့် လက်သီးကို စုပ်ကာ မြဧကရီကို ပေါက်ထွက်မတက်စိုက်ကြည့်နေသည်။
ပြောဖို့မေ့နေတာ မြဧကရီတို့က သန့်စင်သွေးတို့ထပ်ချမ်းသာသည်။ထို့ကြောင့် သူတို့သာ မြဧကရီကို ဒီလိုဆက်ဆံမှန်းသိသွားရင် မလိုလားအပ်တဲ့ ပြသနာတွေရှိလာနိုင်တာကြောင့် ကြောက်နေကြခြင်းဖြစ်သည်။
မြဧကရီက သူ့မိဘတွေကိုတွေ့တာနဲ့ မျက်ရည်တွေကျလာကာ
"ဖေဖေ မေမေ အဟင့် သမီးတောင်းပန်ပါတယ်"
ဆိုပြီးပြေးဖက်လိုက်သည်။မှုံမှုံလေးကတော့ မျက်ရည်တွေကိုညစ်ထုတ်နိုင်တဲ့ host ကိုလက်မနှစ်ချောင်းပေးလိုက်သည်။
မြဧကရီအမေက
"သမီးပြောတော့ နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆို ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
"သမီးနောက်မှရှင်းပြမယ်လေနော်"
မြဧကရီအဖေက သူ့သမီးရဲ့ညစ်ပေနေတဲ့ပုံကိုကြည့်ပြီး
"အခုပြောပြ သမီးကို ဒီလိုဆက်ဆံတာဘယ်သူလဲ ဘာမို့လို့ ဖေဖေတို့ရဲ့ချစ်သမီးကို ဒီလိုဆက်ဆံရတာလဲ ပြော"
မြဧကရီပြောမှာကို မြယမှုံကကြောက်သွားပြီး သူ့အဖေနဲ့အမေရှေ့မှာရပ်ကာ
"ဖေဖေနဲ့မေမေ ညီမလေးလည်း ဗိုက်ဆာနေလောက်မှာ ပြီးတော့ ဖေဖေတို့ရပ်နေရတာ ညောင်းနေပါအုံးမယ် အိမ်ပြန်ပြောရအောင်နော်"
"အင်း"
ထို့နောက် မြဧကရီက မိဘနှစ်ပါးရဲ့ကြားမှာရပ်ကာ ပြုံးရီရင်း ဧည့်ခန်းကိုရောက်လာခဲ့သည်။
သန့်စင်သွေးတို့မိသားစုက ပြသနာမဖြစ်တာကြောင့် သက်ပြင်းကိုယ်စီချပြီး မြယမှုံကို ကျေးဇူးတင်သလိုကြည့်လိုက်သည်။
သူတို့အကြည့်တွေက မြဧကရီလုပ်လိုက်တဲ့အပြုအမူကြောင့် တောင့်တင်းသွားသည်။မြဧကရီလုပ်လိုက်တာက ခြေမကိုင်တော့တဲ့ပုံစံ
မျိုးနဲ့ ဆိုဖာပေါ်ပြုတ်ကျသွားတာပင်...
