Vol 3🐉31🐉မဆုံးနိုင်သော သေခြင်းသံသရာ

316 48 0
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)

Chapter (31)
မဆုံးနိုင်သော သေခြင်းသံသရာ

လူတိုင်း၏ မျက်နှာများ နီရဲလာသည်။ သူတို့ ပတ်ပတ်လည်ကို လှမ်းကြည့်လေလေ ပို၍သေချာလာလေလေ ဖြစ်သည်။ မြေပြင်ပေါ်တွင် နေရာတိုင်း၌လည်း သူတို့ခြေရာများ ရှိနေသေးသည်။ ဤသည်မှာ အမှန်ပင် ရွှင့်ကျစ်၏ ဖခင်ကို တွေ့ရှိခဲ့သည့် သင်္ချိုင်းခန်း ဖြစ်​​နေသည်။

သူတို့ဘယ်လိုလုပ် ဒီကို ပြန်ရောက်လာတာလဲ။

အစောတုန်းက သင်္ချိုင်းလမ်းကြောင်းဟာ ဖြောင့်ဖြောင့်ကြီးပဲ တည်ဆောက်ထားရာ သူတို့လည်း လမ်းလျှောက်လာတဲ့ အချိန်တုန်းက ထောင့်တစ်​နေရာကိုမှ မကွေ့ခဲ့ပေ။ လူလေးယောက်နဲ့ အလောင်းတစ်လောင်းဟာ ယုတ္တိဗေဒအရဆို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်လိုက်တာနဲ့ အစမှတ်ကို ပြန်​ရောက်သွားမှာ မဟုတ်ဘူး ဆိုတာ သက်သေပြနိုင်ပါ​ပြီ။ ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် ​ထူးဆန်းနေရာ တစ္ဆေနံရံကို ဝင်တိုးမိသလိုပင် ဖြစ်နေသည်။ 

ဖက်တီးက သူ့ဘာသာသူ နည်းနည်းလေး ရေရွတ်ရင်း သင်္ချိုင်းအဝင်ဝကို လှမ်းကြည့်လိုက်သည်။

"ငါတို့ ထွက်သွားတုန်းက မသိလိုက်ဘဲ ပြန်လှည့်လာမိတာလား?"

ဖန့်ကျစ်က "ဘယ်လိုမှ မဖြစ်နိုင်ဘူး... ငါတို့ နောက်ပြန်လှည့်လာရင် ငါတို့လေးယောက်လုံး ဒီအကြောင်းကို မသိဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ငါ့ရဲ့ မှတ်ဥာဏ်ထဲမှာ ငါတို့တစ်ချိန်လုံး ဖြောင့်ဖြောင့်ကြီး လျှောက်လာခဲ့တာပဲ ဒီသင်္ချိုင်းလမ်းက မရှည်ဘူး လမ်းဆုံလမ်းခွတွေလည်း မရှိဘူး... အမှတ်မှားစရာ အကြောင်း မရှိပါဘူး"

"ဒါဆို အမိုက်စား သရဲတစ္ဆေပဲ... ရွှင့်ကျစ် မင်းအဖေ ငါတို့ကို နောက်ပြောင်နေတာလား မင်းသေချာ ပြောလိုက်ဦး ငါတို့က စီးပွားရေး လုပ်နေတာနော်"

ရွှင့်ကျစ် အရမ်းဒေါသထွက်ပြီး ဖက်တီးကို ပြန်အော်လိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Where stories live. Discover now