system space

1.4K 60 8
                                        

<Unicode>
ဆက်ဧကရီ ဟိုကမ္ဘာမှာ သေဆုံးသွားပြီး space သို့ပြန်ရောက်လာခဲ့သည်။

"ပြန်လည်ကြိုဆိုပါတယ် host"

"မှုံမှုံလေး ငါလွမ်းနေတာသိလား"

"ဘာလို့လွမ်းတာလဲ"

"မသိဘူး လွမ်းချင်လို့ လွမ်းတာ"

"ဟုတ်  points တွက်ပေးမယ်နော် အရင် ကမ္ဘာ က points ၁၅၀၀ ရပါတယ် ပညာတစ်ခုသင်ရပါမယ်"

"ဘာသင်ရမှာလဲ"

"အိမ်မှုကိစ္စ၊ ဆေးပညာတစ်ခုရွေးပါ"

"ဆေးပညာရွေးမယ် အိမ်မှုကိစ္စ မလုပ်ချင်ဘူး ပျင်းတယ်"

"ဟုတ်ကဲ့ ဆေးပညာကို မှတ်ဉာဏ်ထဲ လွဲပေးလိုက်ပါမယ်

1%.....2%.....3%.....100%.... complete "

မကြာခင်မှာပင် ဆက်ဧကရီ မှတ်ဉာဏ်ထဲသို့ ဆေးပညာနဲ့ပတ်သက်တဲ့အရာတွေ ဝင်ရောက်လာတော့သည်။

" Host profile ပြမယ်နော်

အမည်- ဆက်ဧကရီ

အသက်- ၂၅

လိင် -မ

ပြီးမြှောက်သောကမ္ဘာ -၁

ရရှိထားသောpoint- ၁၅၀၀

သင်ကြားထားသောပညာရပ် - အတိုက်အခိုက်၊ဆေးပညာ ပါ"

"Ok အခုဘာဆက်လုပ်ရမလဲ"

"ဇာတ်ကြောင်းပို့ပေးပါမယ် ဖတ်ကြည့်လိုက်ပါ"

"အင်း"

"ဇာတ်ကြောင်းပို့ဆောင်နေပါသည် 1%...2%..3%..100%... complete "

မကြာခင်မှာဘဲ မှုံ မှုံရေတွက်တာဆုံးတာနဲ့ ဆက်ဧကရီ မှတ်ဉာဏ်ထဲနောက်ကမ္ဘာအတွက်ဇာတ်ကြောင်းဝင်လာသည်။ဒီကမ္ဘာက တရုတ်နိုင်ငံရဲ့ရှေးခတ်နန်းတွင်းက ဇာတ်လမ်းဖြစ်သည်။ဇာတ်လိုက်က ဟောက်ကျင်းမင် ဖြစ်ပြီး ဘုရင့်သားတော်တစ်ပါးဖြစ်သည်။

ဇာတ်လိုက်မက လျန်ကွေ့မျန် သူတို့ တိုင်းပြည်မှာ အလှဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ဘုရင်မှာ သားတော် ၁၂ ပါးရှိပြီး ဇာတ်လိုက်မက မင်းသား ၁ ဟောက်ကျန်းခွမ်းနဲ့စေ့စပ်ထားသူဖြစ်သည်။

ဟောက်ကျန်းခွမ်းက မင်းသား ၁ ဖြစ်ပေမဲ့ သူက ဒုက္ခိတမို့ လျန်ကွေ့မျန်က သဘောမကျပေ   သူမက အရာရာမှာထူးချွန်တဲ့ဟောက်ကျင်းမင်ကိုသာ သဘောကျသည်။ မင်းသား ၁၁ ဖြစ်တဲ့ဟောက်ကျင်းမင်လည်း အလှထိပ်ခေါင်ဖြစ်တဲ့သူမကို သဘောကျနေသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now