Part-45(Uni+Zg)

94 5 7
                                    

တစ်လောကလုံးပင့်ထမ်းထားရသလိုလေးလံနေတဲ့မျက်ခွံတွေဖွင့်ချအပြီးမှာ ခပ်နုံးနုံးခန္ဓာကိုယ်မှာလည်းဆက်ခနဲကောက်ထိုင်လာခဲ့သည်။

"ဘေးမှာရေရှိတယ် မျက်နှာသစ်လိုက်"

"ဟမ်"

နောက်ကျောပေးပြီးတစ်စုံတစ်ရာချက်ပြုတ်နေဟန်ရှိတဲ့လူတစ်ယောက်...အဲ့ဒီ့တစ်ယောက်ရဲ့ကျောပြင်ကိုသူရင်းရင်းနှီးနှီးကိုသိပါတယ်

"ဇင်ထက်..ဇင်ထက်လား"

တစ်ဖက်ကဘာမှပြန်မဖြေပဲအိမ်ရှေ့ထွက်သွားခဲ့ပြီးတစ်ဖန်ပြန်ရောက်လာခဲ့ပြန်သည်။

"ငါ့ဆီမှာမင်းကဘာလို့ရှိနေရတာလဲ...မင်းပဲငါ့ကိုမင်းရှေ့ထပ်မရောက်လာနဲ့ဆို..ငါ့ကိုမင်းပဲသဘောမကျပါဘူးဆို..ဘာလို့လဲ..ဘာလို့လဲ.."

"အော်ကြီးဟစ်ကျယ်လုပ်မနေနဲ့ အရှေ့မှာငါ့အမိအိပ်နေတယ် မင်းအသံလူကြားမကောင်းဘူး"

"အော်မှာပဲ..မင်းလုပ်တာဟုတ်မှမဟုတ်တာ"

"ကျစ်..အသံလေးပိတ်ပြီးမျက်နှာအရင်သစ်စမ်း"

"မင်းဆီငါဘာလို့ရောက်နေလဲအရင်ပြော အဲ့ဒါဆိုတိတ်မယ်"

"မင်း.."

ဇင်ထက်လည်ပြန်လှည့်ကြည့်လာတဲ့အချိန်ဖြိုးခန့်အိပ်မှုန်စုတ်ဖွားနဲ့ဆူဆူလေးပြန်ကြည့်ပေးလိုက်တယ်။ဝတ်ထားတဲ့အင်္ကျီလေးမှာကြယ်သီးတွေကပြုတ်ထွက်နေပြီးအတွင်းသားတစ်ချို့ကလှစ်ဟာပြထားခဲ့သလိုပဲမို့ ဇင်ထက်တံတွေးမျိုချလိုက်မိတာတော့ဝန်ခံရမည်ပင်

"အင်္ကျီလဲ"

"ဘာလဲ..ငါမေးတာကိုအရင်မဖြေဘူး"

သံသေတ္တာအစုတ်လေးထဲကမဝတ်ရက်မပြုရက်သိမ်းထားတဲ့အဝတ်အစားခပ်သန့်သန့်လေးတစ်စုံထုတ်ပေးလာတော့ဖြိုးခန့်ပြူးကြောင်ကြောင်လေးလုပ်နေမိတုန်း..

"ဝတ်..အဲ့ဒါငါအလှူတွေဘာတွေသွားရင်ဝတ်ဖို့ဝယ်ထားတာ အကောင်းဆိုလို့ဒီတစ်ထည်ပဲရှိတယ် လဲလိုက်"

ပြောပြီးတာနဲ့မီးဖိုချောင်ကိုထသွားပြီးထမင်းအိုးငှဲ့နေလေရဲ့..

"ဟွန့်...အင်္ကျီကလည်းအရောင်မှိန်လိုက်တာ မင်းမရွေးတတ်ဘူးလား ယောဂီအရောင်နဲ့"

~မေတ္တာလုံ၍နွေးစေချင်~(On going)Tahanan ng mga kuwento. Tumuklas ngayon