ကျောင်းဝင်းထဲကထွက်ထွက်ချင်းမြင်လိုက်ရတဲ့သူကြောင့်ခွန်းညီစိတ်ထဲကနေကျစ်သပ်လိုက်မိသည်။ဆိုင်ကယ်ကိုမှီကာခပ်မိုက်မိုက်ရပ်နေရင်း သူ့ကိုလှမ်းကြည့်နေသည့်ထိုလူသားဟာ
နေ့စဥ်ရက်ဆက်သူ့ကိုဒုက္ခလာပေးနေသည်မှာများလှပြီ။သူ့ကိုကျောင်းသွားကျောင်းပြန်အကြိုအပို့လုပ်နေပြီးပိုင်စိုးပိုင်နင်းနိုင်သည့်အပြုအမှုတွေလုပ်သည့်မင်းရိုင်းကို တဖြေးဖြေးနဲ့ခွန်းညီစိတ်ထဲ
ချဥ်လာသည်။သူ့ဘက်ကဘယ်လိုသဘောထားပြီးခွန်းညီအပေါ်ဒီလိုတွေလာလုပ်နေလဲမပြောတတ်ပေမဲ့ သူရဲ့အပြုအမှုတွေကိုမကြိုက်သည့်ခွန်းညီကအမြဲငြင်းတတ်စမြဲ။ဒါပေမဲ့ သူဘယ်လိုငြင်းငြင်းသူ့ကိုအနုနည်းနဲ့ပြောမရရင်အကြမ်းနည်းသုံးပြီးဆိုင်ကယ်ပေါ်ကောက်ကောက်တင်သည့်ထိုလူသားကိုသူဘယ်လိုမှမနိုင်။ဒါကြောင့် မင်းရိုင်းရဲ့အစ်မကိုသွားပြောပေမဲ့ သွေးသစ်ကလည်းမင်းရိုင်းကိုမနိုင်ဘူးဆိုသည့်စကားတစ်ခွန်းနဲ့သူ့ကိုမီးငြိမ်းခဲ့တာဖြစ်၏။
ဒါကြောင့်သူ့မှာကူရာကယ်ရာမဲ့ကာမင်းရိုင်းရဲ့အနိုင်ကျင့်မှုကြီးကိုကောင်းကောင်းခံနေရတော့သည်။"ခွန်းညီဆိုင်ကယ်ပေါ်တက်.."
တွေးလို့မှမဆုံးသေး သူ့ရှေ့ကိုရောက်လာကာဆွဲခေါ်နေပြီ။တင်းကြပ်နေအောင်အကိုင်ခံထားရသည့်လက်ကောက်ဝတ်သည်နာ၏။
"လက်ကိုအရင်လွှတ် ကိုမင်းရိုင်း"
"ဒါဆိုခွန်းညီကျွန်တော့်ဆိုင်ကယ်ပေါ်နဲ့လိုက်မှာလား"
"ကျွန်တော့်ကိုတစ်ရက်လောက်တော့ စိတ်အေးသက်သာသွားခွင့်ပေးပါလားကိုမင်းရိုင်းရယ်။
ကိုမင်းရိုင်းလဲကျွန်တော့်ကိုနေ့တိုင်းလိုက်ပို့နေတာအလုပ်ရှုပ်တာပေါ့..နော်ဒီနေ့တော့ကျွန်တော်တစ်ယောက်ထဲပဲသွားလိုက်မယ်""ခင်ဗျားကိုလိုက်ပို့တာကျွန်တော်အလုပ်ရှုပ်တယ်လို့ဘယ်သူပြောလဲ ကျွန်တော့်စိတ်သဘောဆန္ဒအရလုပ်တာမလို့ ခွန်းညီကျွန်တော့်ကိုတားဖို့မကြိုးစားပါနဲ့.."
YOU ARE READING
White ROSE
Romanceမင်းရိုင်းသဏ္ဍာန်၊လေပြေခွန်းညီ၊တိမ်မင်းတံခွန် {ပျော်ရာမှာနေပါ ပင်ပန်းလာရင်ကိုယ့်ရင်ခွင်ကိုသတိရပါ..}