Chapter (159) Arc 4
အကြွေးများကို ဖြေရှင်းပြီ
လူငယ်လေးက အားပါးတရ ဆဲဆိုရင်း ဝမ်ကျောက်ကို ကန်ထုတ်လိုက်ရာ ဝမ်ကျောက် မျက်နှာမှာ နီမြန်းနေပြီး ဒေါသမထွက်နိုင် ဖြစ်နေ၏။ တစ်ဖက်က သူ့ကို ထပ်မံ ရိုက်နှက်တော့မှာ ဖြစ်သည်။
ထိုအခိုက် လုရွှမ် လက်တစ်ဖက် ဝေ့ယမ်း၍ ဝမ်ကျောက်ကို သူအနား ပြန်ခေါ်လိုက်သည်။
"မင်းက သူ့ပြိုင်ဘက် မဟုတ်သေးဘူး.... ရက်အနည်းငယ် ကြာအောင် လေ့ကျင့်ပြီးရင် ပြန်တိုက်ခိုက်ပေါ့..."
ဝမ်ကျောက် သူ့စိတ်ထဲတွင် နာကျည်းနေသော်လည်း လုရွှမ်ကို အလွန် လေးစားတာကြောင့် နာနာခံခံနဲ့ ခေါင်းညိတ်ကာ လုရွှမ် အနောက်တွင် ရပ်နေလိုက်သည်။
ဒါပေမဲ့ လူငယ်က သူ့ကို အနိုင်မယူနိုင်မှန်းသိလို့ အလွန် မာနကြီးစွာ ဝမ်ကျောက်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြန်၏။
"ကောင်လေး... ဒီသခင်လေး မင်းကို ထပ်မတွေ့စေနဲ့နော် မဟုတ်ရင်တော့ မင်းကို တစ်ခါတွေ့ရင် တစ်ခါ ရိုက်ပစ်မယ်"
လုရွှမ် ရယ်လိုက်သည်။ ဘာဖြစ်လို့ လူတချို့က နားမလည်ရင် နားမလည်သလို မနေတတ်ကြတာလဲ?
"ကောင်လေး.... သူက ငါ့တပည့်ပဲ.... မင်းရဲ့ ကျင့်ကြံမှုအခြေခံက ညံ့ဖျင်းသလို မင်းရဲ့အရည်အချင်းက အလယ်အလတ် ဖြစ်တာနဲ့ မောက်မာနေလို့ မရဘူး.... မင်းကို ငါသင်ပေးမယ်... ဒီလိုဆိုရင်ရော ရှောင်ကျောက်ကို သုံးရက်လောက် လေ့ကျင့်ခွင့် ပေးလိုက်... သုံးရက်ကြာရင် မင်းသူ့နဲ့ ထပ်တိုက်မယ်ပေါ့ မင်းလုပ်ရဲလား?"
လုရွှမ် ပါးစပ်ကနေ သူကညံ့ဖျင်းတဲ့ ကျင့်ကြံမှုနဲ့ အလယ်အလတ် အရည်အချင်းပဲ ရှိတယ်ဆိုတဲ့ အပေါ် မထင်မှတ်ဘဲ ဝေဖန်ခံလိုက်ရတော့ လူငယ်မှာ ဒေါသထွက်လာတော့သည်။ သူ့မိသားစု နောက်ခံကြောင့် မာနကြီးသူဖြစ်မှန်း သိသာထင်ရှားစွာ တွေးတောမနေဘဲ။
“မင်းက လူယုတ်မာပဲ... ဒီသခင်လေးက မင်း သင်ပေးချင်တိုင်း သင်ပြနိုင်တဲ့ လူမလို့လား? မင်းက သူ့ဆရာပေါ့လေ... ဟမ့် ဒီလို အမှိုက်မျိုးပဲ သင်ပေးမှတော့ အမှိုက်ပဲ ထွက်လာတော့မှာပေါ့.... အမှိုက်ဆရာက အမှိုက်တပည့်ကို အမှိုက်တွေလို့ပဲ သင်ပေးနိုင်မှာ!"
