<Unicode>
ဆက်ဧကရီ ဒီကမ္ဘာကိုရောက်တော့ ရေလောင်းချခံနေရသည်။
'ငါလူး မှုံမှုံ ဘယ်အချိန်ပို့လိုက်တာလဲဟ'
'အောက်က မှားလို့ အထက်ကပို့တာပါ မှုံမှုံမသိပါဘူး မှုံမှုံကအပြစ်ကင်းပါတယ်'
'ပြောလိုက်ရင် ဆင်ချေးတွေနဲ့ ထုထည့်လိုက်လို့ပုနေတဲ့မှိုပိုပုသွားမယ်'
ဆက်ဧကရီရေလောင်းချတဲ့သူကိုကြည့်လိုက်တော့ လှပတဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။
'host အဲ့တာဇာတ်လိုက်မ ရိုဟာစီပါ'
'ဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ'
'ရိုဟာစီက ကာသီဆမ်နဲ့လာနေနေပါပြီ ဆေးရုံမှာလည်း အတော်ကိုရုပ်ပျက်နေပါပြီ'
'လှေကားပေါ်ကတွန်းချခံရချိန်မှပို့ပါလား ပိုကောင်းသွားတာပေါ့'
'မှုံမှုံမှတ်ထားပါ့မယ်'
'စပဘဲ ရွဲ့လို့ရွဲ့မှန်းမသိဘူး'
သူဆဲလိုက်တော့ မှိုလေးက မျက်လုံးကလယ်ကလယ်နဲ့ကြည့်လာသည်။
'host ဆဲလိုက်တယ် ဒီမှုံမှုံလေးကိုဆဲလိုက်တာလား'
'မဟုတ်ပါဘူး ဇာတ်လိုက်မကိုဆဲတာ '
'အော် အဲ့ဆိုများများဆဲနော်'
(ဆက်ဧကရီ to ဆူမီရှန်)
ဆူမီရှန် ရှေ့ကဇာတ်လိုက်မကို စူးရဲစွာကြည့်လိုက်သည်။
"ဘာကြည့်တာလဲ ရေပုံးနဲ့ထပ်ထုလိုက်လို့ အကြည့်တွေကိုပြင်လိုက်စမ်း ဆူမီရှန် "
"နင်ကပါးစပ်နဲ့ဘဲပြောတာ ငါကလက်တွေ့ထုပြမယ်"
ဆူမီရှန် ရိုဟာစီလက်ထဲက သံရေပုံးကိုဆွဲလုလိုက်ပြီး ခေါင်းကို ၃,၄ ချက်ဆင့်ထုပစ်လိုက်သည်။
"မှတ်ပလား ငါ့ကိုလာလုပ်ချင်အုံး ကဲဟာ"
ဆိုပြီး ရေပုံးနဲ့ခေါင်းကိုစွပ်လိုက်သည်။ထပ်ပြီး အပေါ်ကနေ တံမြက်စည်းယူကာ အရိုးနဲ့ တဗုန်းဗုန်းထုလိုက်သည်။
ရိုဟာစီမှာ နားတွေအူပြီး ခေါင်းတွေနောက်ကာ မေ့သွားတော့သည်။ထိုအချိန် တံခါးဝကနေ
