4.2

1.1K 51 9
                                        

<Unicode>
ဒီနေ့အတွက် ရိုက်ရမဲ့အခန်းက ပြီးပြီမို့ မင်ဒါနာ အိမ်ပြန်ခဲ့သည်။အိမ်ရောက်တာနဲ့ နေ့လည်စာကို deliver နဲ့မှာလိုက်သည်။

'ဟေ့ မှုံမှုံ မင်ဒါနာမှာ Facebook အကောင့်တို့ဘာတို့ရှိလား'

'ရှာကြည့်လေ host ရယ်'

'မရှာချင်လို့ပေါ့'

'Facebook တော့မရှိဘူး TikTok တော့ရှိပါတယ်'

'အော်'

မင်ဒါနာလည်း ဖုန်းကိုဖွင့်ပြီး TikTok ထဲဝင်ကြည့်လိုက်သည်။ profile ဆိုတဲ့နေရာကိုနှိပ်ပြီးကြည့်လိုက်တော့ စိတ်တောင်ပျက်သွားသည်။

ဘာလို့လဲဆိုတော့ followers 0 following 0 likes 0 တဲ့ တင်ထားတဲ့ video ကလည်းတစ်ပုဒ်မှမရှိ... inbox ဆိုတာလည်း သင်္ချိုင်းကုန်းလိုတိတ်ဆိတ်လှသည်။

'ဟူး မင်ဒါနာက ဘာလို့ ဘာမှမတင်တာလဲ စိတ်ညစ်တယ်'

မင်ဒါနာ အရင်ဆုံး ရေချိုးခန်းဝင်ပြီး ဓါတ်ပုံတစ်ပုံရိုက်လိုက်သည်။ Edit profile ဆိုတဲ့နေရာမှာနှိပ်ပြီး ပုံတင်လိုက်သည်။

Home ဆိုတဲ့နေရာကိုနှိပ်ကာ သူများတွေဆော့ထားတဲ့ video တွေကိုလိုက်ကြည့်လိုက်သည်။

သီချင်းကောင်းကောင်းလေးတစ်ပုဒ်ကိုရှာတွေ့တော့ plus (+) မှာနှိပ်ပြီး ဆော့လိုက်ကာ တင်လိုက်သည်။

Deliver လာပို့တဲ့ နေ့လည်စာဘူးကို ဖွင့်ပြီးစားကာ ကုတင်ပေါ် ဖုန်းပိတ်ပြီး အနားယူလိုက်သည်။

'မှုံမှုံ ငါရောက်တာ ကြာနေပြီကို ဘာလို့ ငါ့ဘဲနဲ့မတွေ့သေးတာလဲ'

'ကြာပြီ host ရူးများသွားတာလား ရောက်တာ ၂ နာရီတောင်မပြည့်သေးတာကို'

'ငါကြာတယ်ဆို ကြာလိုက် လျှာမရှည်နဲ့'

'ဟုတ်'

မင်ဒါနာလည်း သူ့ဘဲကြီးနဲ့ချစ်ကြည်နူးခဲ့တာတွေကိုမြင်ယောင်ရင်း အိပ်ပျော်သွားလေသည်။

ညနေ ၃ နာရီလောက်မှ မင်ဒါနာပြန်နိုးလာခဲ့သည်။မျက်လုံးနှစ်လုံးမဖွင့်ခင် ဘေးကဖုန်းကို လက်နဲ့အရင်စမ်းကြည့်လိုက်ပြီး နာရီကြည့်လိုက်သည်။

နာရီက ၃ နာရီကြနေသည်မို့သူအိပ်တာအတော်ကြာသွားမှန်းသိလိုက်သည်။ WiFi ကိုနှိပ်ပြီး TikTok ထဲဝင်ကြည့်လိုက်ချိန်  inbox အထက်မှာ 99+ ဆိုတဲ့နီရဲရဲစာလုံးဟာတည်ရှိနေသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin