part 3 (uni)

581 15 6
                                    

" ဒီနေ့ဘာလုပ်စရာရှိလဲ ရိပ် "

" အမ် မရှိပါဘူး ဘာလို့လဲ "

" ညနေကျ ညစာအတူစားရအောင်လေ ရတယ်မလား "

" ရပါတယ် ငါ့အခန်းမှာစားရအောင် "

" အိုခေ "

လက်ကို အိုကေပုံစံထောင်ပြပြီး ထွက်သွားသည့်သက်မင်း။ ဒီနေ့ဇွဲရဲ့နားရက်မလို့ အားသည်။ မဟုတ်လျှင် အားချိန်မရှိပေ။

" သား ဇွဲ "

" ဗျာ ဒယ်ဒီ "

" ခုတလောအဆင်ပြေရဲ့လား ကျူတာဆရာနဲ့ "

" ပြေပါတယ် ဒယ်ဒီရဲ့ "

" အေးပြေရင်ပြီးရော သူ့ကိုလည်းဒယ်ဒီကအချိန်‌ေပးလို့ကျေးဇူးတင်တယ်လို့ပြောပေးဦး ဒီနေ့မလာဘူးလား "

" ဒီနေ့ ကျွန်တော့်နားရက်လေ ဒါမဲ့ ကျွန်တော်ကိစ္စလေးရှိလို့ အပြင်သွားဦးမယ် "

" အင်းအင်း စောစောပြန်ခဲ့ "

အသက်မပြည့်သေးသော်လည်း ဇွဲရဲ့ပုံစံက ၁၉၊၂၀အရွယ်လောက်ထင်ရသည်မို့ ကားလိုင်စင်လုပ်ခွင့်ရထားသည်။ ကားဖြင့် မိုးရိပ်၏တိုက်ခန်းသို့ဦးတည်ကာ မောင်းနှင်လိုက်သည်။

ဒေါက်...ဒေါက်...

" ရိပ် ဘယ်သူလဲမသိဘူး "

" အာ သွားဖွင့်ပေးပါလား ငါလက်မအားလို့ "

" ရတယ်လေ "

မီးဖိုခန်းထဲတွင် စားစရာအချို့ကို ပန်းကန်တွေဖြင့်ထည့်နေရင်း လှမ်းပြောလိုက်တော့ သက်မင်းကိုကိုက တံခါးသွားဖွင့်ပေးလိုက်သည်။

" ဘယ်သူ... ဟင် မင်းပါလား ဒီလိုဘာကိစ္စရှိလို့လဲ "

ဇွဲကိုမြင်သည်နှင့် နည်းနည်းရှိန်သွားပေမဲ့ လာရင်းကိစ္စကိုမေးမိတော့ ဒင်းကပြန်မဖြေဘဲ အခန်းထဲအတင်းဝင်ကာ မိုးရိပ်နားသွားလေသည်။

" မင်း!... ဘယ်လိုရောက်လာပြန်တာလဲ "

" မင်းကဘာလဲ ဟိုနေ့ကတစ်ယောက် အခုတစ်ယောက် တစ်ရက်ကိုတစ်ယောက်မင်းအခန်းကိုခေါ်နေကျလား မဟုတ်လည်းဘာလို့ငါ့ကိုလာမခေါ်လဲ "

" မင်းမမိုက်ရိုင်းနဲ့ ငါတို့က ညစာအတူစားမလို့ "

" ယုံရမှာလား မှတ်ထား ငါက အဲ့ကောက်တွေထက်သာတယ်ဆိုတာ "

A bad boy's loveWhere stories live. Discover now