အပိုင်း (၄၅) ဆုဝန်ပြန်လာရင် သက်သာပြီ။
ဆုဝန်နှင့် ရှန်လင်းတို့၏ ချင်းကျိုးကောင်တီခရီးကား အဆင်ပြေချောမွေ့ခဲ့ပေသည်။
ရှန်လင်းသည် ရှန်ရှီးကို ကုသပေးဖို့ သမားတော်ရှာရန်အတွက် ကြေးပြား၉၀သာ သုံးခဲ့ရ၏။ ချင်းကျိုးကောင်တီတွင် ရှိနေသည့် လေးငါးရက်အတွင်း ရှန်ရှီး၏ခြေထောက်များ တစ်နေ့တခြား ပိုမို ကောင်းမွန်လာခဲ့သည်မှာ ပကတိမျက်စိဖြင့်ပင် မြင်သာလေ၏။
သမားတော်ကျန်းက နှစ်လအကြာ ဆေးသောက်ကြည့်ပြီးနောက် နောက်ဆက်တွဲကို တိုင်ပင်ဖို့ ပြန်လာပြရန် ပြောခဲ့၏။
ဆုဝန်၏ ဖျော်နည်းနှင့် မုန့်လုပ်နည်း နှစ်မျိုးကိုလည်း စုစုပေါင်း ငွေတုံး၂၂၀ဖြင့် ချောချောမွေ့မွေ့ ရောင်းချပြီးချေပြီ။
ထို့အပြင် နောက်ရက်များ၌ ရှန်လင်းတို့မိသားစုနှင့် ဆုဝန် ချင်းကျိုးကောင်တီတွင် ကုန်ကျသမျှစရိတ်အားလုံးကို သူဌေးလီက တာဝန်ယူလေ၏။ ဆုဝန်က လက်မခံနိုင်ပါဟု ပြောသည့်တိုင် သူဌေးလီ၏ ဇနီးဖြစ်သူက အခုကစပြီး ဆုဝန်နှင့် ရေရှည်ပူးပေါင်းသွားနိုင်ဖို့ မျှော်လင့်ကြောင်းနှင့် ချက်ပြုတ်နည်းကောင်းကောင်း ထပ်ရှိသည်ဆိုပါက သူတို့ကို ရောင်းပေးရမည်ဖြစ်ကြောင်း ပြောလာ၏။
ရေရှည်ခိုင်မြဲသည့်ဆက်ဆံရေးမျိုး ရှိစေရန်အလို့ငှာ ဆုဝန်က ထပ်၍ အားနာမနေတော့ဘဲ သူဌေးလီက သူ၊ ရှန်လင်း၊ ရှန်ရှီးနှင့် ရှန်ယာယာတို့ ချင်းကျိုးကောင်တီတွင်စားသောက်နေထိုင်ရေး စီစဥ်ပေးသည်ကို သဘောတူလိုက်၏။
နောက်ပိုင်း၌ သူဌေးလီက ဆုဝန်နှင့်ရှန်လင်းတို့ကို မြင်းလှည်းဖြင့် ချင်းကျိုးကောင်တီသို့ ပြန်ပို့ပေးချင်ခဲ့၏။ ဆုဝန်နှင့် ရှန်လင်းက မြင်းနှင့် လှည်းသွားဝယ်ပြီးသားဖြစ်နေရာ ကျိန်းသေပေါက်ပင် သူဌေးလီ၏ ပို့ဆောင်ပို့ပေးမှုမလိုအပ်တော့ပါချေ။ သူဌေးလီမှာ လက်လျှော့လိုက်ရတော့သည်။
ဆုဝန်က မြင်းကို ငွေတုံး၃၀ဖြင့်ဝယ်ခဲ့ပြီး လှည်းကို ငွေ၁၅တုံးဖြင့် ဝယ်ခဲ့ခြင်းဖြစ်၏။
YOU ARE READING
မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့
Romanceဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှေစာရင်းထဲတွင် ပါလာပြီး ဝမ်မိသားစုသည် တစ်နေ့ထက်တစ်နေ့ ကြွယ်၀လာတော့သည်။ သို့သော်ငြား ဝမ်မိသားစုသည် သူတ...
