part 7 ( uni)

24.6K 973 18
                                        

(ဘာ!) ၂

မဏ္ဍိုင့်ဆီက မက်ဆေ့ကြောင့် သူတို့နှစ်ယောက်လုံး
အမြန်ပြေးလာကြတာလေ။ ခုတော့ ဒီကောင်ပြောပြတဲ့အကြောင်းအရာတွေ အကုန်နားထောင်ပြီး သူတို့မှာ 'ဘာ' ဆိုတာပဲထွက်နိုင်တော့တယ် အံ့ဩလွန်းလို့။

"အဲ့ဒီတော့ မင်းကပလေးခံလိုက်ရတာပေါ့"

"ဟား ဟား ဟား....တစ်မိုးအောက်တစ်ယောက် မိန်းမမှန်သမျှချေလာတဲ့ မဏ္ဍိုင်တည်စေက ပလေးခံလိုက်ရတယ်တဲ့....ဟား ဟား ဟား...!"

ဒေါက်!

လူက ဘူနေပါတယ်ဆို ရှေ့ကနေတဟားဟားအော်ရယ်နေတဲ့ ရှိန်းခေတ်ကြောင့် ဘေးနားက တစ်ရှူးဗူးနဲ့ကောက်ပေါက်လိုက်တော့သည်။

ရင်ဖွင့်စရာ ဒီနှစ်ကောင်ပဲရှိလို့ခေါ်ကာမှ ထင်တဲ့အတိုင်းအဟားခံနေရတယ်။

"ငါ တကယ်စိတ်တိုနေတာနော်!"

သူပြောလိုက်မှ နှစ်ယောက်သားက မျက်နှာပိုးတည်သွားကြသည်။

"အဲ့ဒီတော့ အဲ့ဒီဘဲကြီးက မင်းကိုဘာမှမပြောသွားဘူးပေါ့"

ဈာန်ထူးအမေးကို သူခေါင်းငြိမ့်ပြလိုက်သည်။ တကယ်တမ်းပြန်တွေးကြည့်ရင် ကိုယ်သာ သူ့နေရာမှာဆို နှစ်ကောင်လုံးကိုစုတ်ပြတ်သတ်သွားအောင်ကို
လုပ်ပစ်မိမှာ။ ခုတော့ ဒီလူက စကားကိုတောင် အေးအေးဆေးဆေးပဲပြောပြီး လမ်းခွဲသွားတာဖြစ်သည်။

ထို့ပြင် သူ့ကိုတစ်ခွန်းမှပင် အပြစ်ပြောမသွား။ ကိုယ်ကတောင် ကိုယ့်ကိုယ်ကိုယ် စိတ်တိုနေတာ သူကတော့ စိတ်တိုရမှန်းတောင်သိရဲ့လားမသိ!

"သူ့ကြည့်ရတာ တော်တော်တော့ နာကျင်နေတယ်ထင်တယ်...စကားကိုလိုတာထက်ကို ပိုမပြောသွားဘူး...။
ပြီးတော့ ငါနားထောင်ရသလောက် ဒါပထမဆုံးမဟုတ်လောက်ဘူး"

"ဘာကိုလဲ"

"ဖောက်ပြန်ခံရတာကိုလေ"

"ဘယ်လို!"

"ဟုတ်တယ် သူပြောသွားတဲ့စကားအသွားအလာကြည့်ရတာ အရင်ကလည်းဒါမျိုးဖြစ်ဖူးတယ်နေမှာ"

"မင်းစုံစမ်းခိုင်းတဲ့လူက ဘယ်တော့သိရမှာလဲ"

"၂၄နာရီအတွင်းသိချင်တယ်ပြောထားတယ်!"

မောင့်အနှစ် ( Complete)Where stories live. Discover now