<Unicode>
နောက်တစ်နေ့ မင်ဒါနာ လူတစ်ယောက်ရင်ခွင်ကနေ နိုးလာသည်။ဖတ်ထားသူကိုကြည့်လိုက်တော့ ဟန်ဒုံဝူဖြစ်နေသည်။
ဝတ်ထားတဲ့ ညဝတ်အင်္ကျီကို ပင့်လိုက်ပြီး သိပ်ပြားမနေတဲ့ရင်သားကို အားနဲ့ကိုက်လိုက်သည်။
"အား!!!... Baby ဘာလို့ကိုက်တာလဲ"
"သူများကို နာအောင်လုပ်တာကို သွား မခေါ်ဘူး"
"စိတ်မဆိုးပါနဲ့ Baby ရယ် ကိုယ်စိတ်မထိန်းနိုင်ဖြစ်သွားတာပါ baby မကျေနပ်ရင် ပြန်လုပ်နော်"
"ဟွန့် "
"စိတ်မဆိုးပါနဲ့ ကိုယ် baby ကြိုက်တာတွေချက်ခိုင်းထားတယ် လာသွားစားကြမယ်"
စူပုတ်ကာ တစ်ဖက်လှည့်နေတဲ့ Baby ရဲ့ကိုယ်လုံးကို ပွေ့လိုက်ပြီး မျက်နှာသစ် သွားတိုက်ပေးလိုက်သည်။
"Baby နာနေသေးလား"
"သိပ်မနာတော့ပါဘူး"
"တော်သေးတာပေါ့ ကိုယ့်မှာ baby နာနေမှာဆိုးလို့ ဆေးလည်းတိုက်ထားတယ် ဆေးလည်းလိမ်းထားတယ် အားဆေးနဲ့နာကျင်တာတွေပျောက်အောင်လို့ ဆေးလည်းထိုးခိုင်းထားတယ် ကိုယ်မတော်ဘူးလား"
"တော်တယ်"
"တော်ရင် ဆုချ"
"ဘာဆုလဲ လက်ဝါးဆုလိုချင်လို့လား Daddy လုပ်လို့ဖြစ်တာလေ Daddy လုပ်ပေးရမှာသဘာဝဘဲလေ အဲ့ဒါကိုဆုလာတောင်းရဲတယ်ပေါ့"
"ကိုယ်လည်းရမလားလို့ပါ မွ နေ့လည်စာသွားစားကြမယ်"
"နေ့လည်စာ?? မနက်စာဟုတ်ဘူးလား"
"ညနေ ၁ နာရီထိုးနေပြီ Baby ရဲ့"
"ဟာ ရိုက်ကွင်းနောက်ကျတော့မှာဘဲ"
"ကိုယ်လှမ်းပြောပြီးသား ရိုက်ကွင်းကိုညနေ ၃ နာရီပြောင်းထားတယ်"
"ဟူး တော်သေးတာပေါ့ နေ့လည်စာသွားစားကြမယ် မြန်မြန်ပွေ့ခေါ်သွားတော့"
"ကောင်းပါပြီခများ"
နေ့လည်စာကို အတူတူစားသောက်ပြီးနောက် ခဏနားကာ ၂:၃၀ တော့ ရိုက်ကွင်းရှိရာဆီအတူတူလာခဲ့ကြသည်။
ဇာတ်လမ်းက အရင်က မင်းသားနဲ့မင်းသမီးနှစ်ယောက်လုံးသေသွားပြီး ဗီလိန်ဖြစ်တဲ့ မင်ဒါနာက မင်းသမီးဖြစ်လာကာ ဇာတ်ကောင်အသစ်ဖြစ်တဲ့ ဟန်ဒုံဝူက မင်းသားဖြစ်လာသည်။
