Chapter (207) Arc 4
ကံကောင်းခြင်း
လုရွှမ်သည် လေထဲတွင် ရပ်တန့်နေလျက် အောက်ခြေရှိ ထျန်းလုံကျောင်းတော်က ကျောင်းသားများကို ကြည့်နေသည်။
အောက်ဖက်တွင် ကျောင်းသားဦးရေ နှစ်ရာကျော် ရှိပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းသားများ နုတ်ထွက် သွားခဲ့ကြသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ ကြီးမားသော အန္တရာယ်များနှင့် အခွင့်အလမ်း ကောင်းများအကြောင်း ကောလာဟလများ ရှိသော်လည်း သူတို့ခွန်အားနဲ့ မစွန့်စားလိုကြချေ။
လုရွှမ်က သူတို့ကို မတားဘဲ ကျောင်းသားတွေအား ပါ၀င်ခွင့်ပြုထားသလို နောက်ဆုတ်ခွင့်လည်း ပေးထားသည်။ အခွင့်အလမ်းတွေ ရှိပေမယ့် အဲဒါတွေကို ဖမ်းဆုပ်နိုင်မလား ဒါမှမဟုတ် ဖမ်းဆုပ်နိုင်တဲ့ သတ္တိရှိမရှိ ဆိုတဲ့အပေါ်မှာလည်း မူတည်လေသည်။
သူ့ရှေ့က ကျောင်းသားတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က တော်တော် ကွာခြားနေ၏။ သူတို့ထဲက အများစုဟာ သူတော်စင်တစ်ပိုင်း အဆင့်၆ အထက်မှာ ရှိပေမယ့် တတိယအဆင့်မှာ ရှိတဲ့ ကျောင်းသားတွေလည်း ရှိနေသေးသည်။
သူတို့ရဲ့ ကျင့်ကြံမှုက မလုံလောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လုရွှမ်ကတော့ ဒီကျောင်းသားတွေရဲ့ အရှိန်အဟုန်နဲ့ ပတ်သက်ပြီး အထူး ကျေနပ်နေခဲ့သည်။
ကျောင်းအုပ်ကြီး အနေဖြင့် လုရွှမ်သည် တော်တော်များများကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယခင်က အသက်ကယ် ကတ်များနှင့်အတူ လုရွှမ်သည် သေးငယ်သော အခိုက်အတန့်တွင် အနည်းဆုံး ၎င်းတို့၏ အသက်များကို ကယ်တင်နိုင်စေမည့် အခင်းအကျင်း တံဆိပ်ပြားများကို တစ်ခုပြီးတစ်ခု ပေးပို့ခဲ့သည်။
"သွားကြစို့!"
အမိန့်ပေးသံနှင့်အတူ ကျောင်းသားတစ်စု ဝိုင်းအုံလာကြသည်။ အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သော မင်းသမီးပိုင်လုံနဲ့ မိန်းကလေး ၄ယောက်လည်း ရောက်လာခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ၎င်းတို့သည် ၎င်းတို့၏ လေ့ကျင့်မှုများကို အဆက်မပြတ် အားကောင်းလာစေကာ ပါမောက္ခလုရွှမ်မှ သင်ကြားပေးသည့် ပုံစံများကိုလည်း လေ့ကျင့်ခဲ့သည်။ သူတော်စင်များနှင့် မတွေ့ဆုံသရွေ့ လုရွှမ်သည် အမျိုးသမီးငါးဦးကိုပင် အကာအကွယ် ပေးနိုင်မည်ဟု ယုံကြည်ခဲ့၏။
