arc 2.18

288 15 1
                                        

A/N
ရှစ်စွမ်းကို ရှစ်ဇွင်းဟုပြင်ဖတ်ရန်။

zg

Top system

Arc2.18

ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်စွမ်း...ရန်ဝေးရွှယ်

ကျွန်တော့်ရှစ်စွမ်းomegaလေး

မင်ရှင်းချိန် ထိုနေ့ကစ၍ ရှစ်စွမ်းကိုရှောင်နေသည်။ ရှစ်စွမ်းခင်မျာ သူ့တစ်ဦးတည်းသော တပည့်ကောင်းလေး သူ့ကိုရှောင်နေတော့ နားမလည်နိုင်ဖြစ်နေ၏။

"ဧကန္တ သူ့ဆီမှာ တစ်ခုခုဖြစ်နေလို့လား"
"မဖြစ်သေးဘူး သူ့ဆရာက သူ့ကိုဂရုမစိုက်ရင် နောက်ကျ ငါ့ကိုဟင်းကောင်းကောင်းမချက်ပေးချင်တော့ရင်ဘယ်လိုလုပ်မလဲ သူ့ဆီခဏသွားကြည့်ရမယ်"

ရှစ်စွမ်းက မင်ရှင်းချိန်၏အဆောင်ကို ဓားပျံစီးပြီး အလျင်လာခဲ့သည်။ သို့ပေမယ့် အဆောင်ထဲတွင်ဘယ်သူ့ကိုမှမတွေ့။ သူ့တပည့်လေး၏အဆောင်က သူ့အဆောင်နဲ့လားလားမျှမတူ။ သစ်ပင်ပန်းမန်မျိုးစုံစိုက်ပျိုးထားသောကြောင့် ပန်းရောင်စုံများက နေရာအနှံ့။ အဆောင်ထဲတွင်လည်း နေရာတိုင်းက သေသေသပ်သပ်နှင့် စီစီရီရီထားထားသည်။ ဒါက သူ့တပည့်ဖြစ်လာတာ ဆယ်စုနှစ်လောက်မှ ပထမဆုံး ရောက်ဖူးတာပင်။

အခန်းထဲရောက်သွားသည်နှင့် စိတ်အေးချမ်းစရာ မြေသင်းရနံ့က သူ့နှာခေါင်းဆီကို ဝေ့လည်ဝေ့လည်လုပ်နေသည်။
သစ်ပင်တွေအများကြီးစိုက်ထားတာဆိုတော့ဖြစ်မှာပေါ့။

သူကအခန်းကိုဆက်ကြည့်သည်။
စာအုပ်များက အမျိုးအစားခွဲခြားထားပြီး စီစီရီရီစီထားသည်။ အခန်းထောင့်နားတွင်လဲ ပန်းအိုးအနည်းငယ်ချထား၏။ အလွန်ပင် နေချင်စရာကောင်းသောနေရာပါပင်။

ရန်ဝေးရွှယ်သူ့အတွေးနှင့်သူ လန့်သွားသည်။ ဆရာက တပည့်ဖြစ်သူရဲ့နေရာကို နေချင်တာတဲ့လား။ ဘယ်လိုဆရာမျိုးပါလိမ့်။ ထပ်ကြည့်နေလျှင် သည်ထက်ပိုဆိုးလာမည်ကို ခန့်မှန်းမိသောကြောင့် ပြန်ထွက်သွားတော့သည်။

..
ညနေစောင်းလောက်မှ မင်ရှင်းချိန်က သွေးအလိမ်းလိမ်းနှင့်ပြန်လာသည်။ အဆောင်ကိုဝင်သွားသည်နှင့် ဖရဲသီးအနံ့က ချိုမြစွာ သူ၏အနံ့ခံအာရုံထဲသို့ ဝင်ရောက်လာသည်။

ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်systemWhere stories live. Discover now