[ အခန်း -၁၁ ]
" ကိုယ့်ကို စိတ်ဆိုးနေတာလားပေါက်စ "
" မဟုတ်ပါဘူး ဒီတိုင်း "
၀တ်စုံစမ်း၀တ်ဖို့ သွားလိုက်ပြီး
အပြန်ကတည်းက ဒီကောင်မလေး
သူ့ကို စိတ်ကောက်နေတာဖြစ်သည်။ဘာလို့လဲ ...
စိတ်ကောက်စရာ အကြောင်းပြချက်က
ရှိမှမရှိဘဲ ဟာကိုသူ့ဘက်ကလဲ ဟာကွက်မရှိထားတာမို့
ဗျူဟာ သိပ်မတွေးဖြစ်တော့ဘဲ
ကားခါးပတ်ဖြုတ်ကာ" အဲ့ဒါဆို ပါတီထဲ၀င်ကြရအောင်လေ "
" အင်း "
၀တ်ဆုံးရွေးကြည့်ပြီးအပြန် ပါတီတစ်ခု
တက်စရာရှိသေးတယ်
ဆိုလာတာကြောင့် ရိုး
ထိုလူကြီးနောက် လိုက်ခဲ့ပေးလိုက်သည်။နောက်လဲ အခုလိုပဲအတူသွားလာရမှာမို့
အခုကတည်းက ကျင့်သားရအောင်
သူနဲ့အတူ ပါရမီဖြည့်ပေးရမယ်လို့
ကြီးမေက မှာထားသည်။
ဒါပေမဲ့ ရိုးစိတ်ထဲသိပ်တော့မရှင်း !!ရိုး သတ်မှတ်ထားတာက
လင်မယားတွေ ဖြစ်လာကြပြီဆိုရင်
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ဖုံးကွယ်ထားမှု လျှို့ဝှက်ချက်တွေ
မရှိထားသင့်တော့ဘူး မဟုတ်လားဒါမဲ့ သူကကျ ...
" သတိထား ... ပေါက်စ "
" ဟင် "
အပြောနဲ့အညီ ရိုးကိုယ်လုံးလေးက
သူ့ရင်ခွင်ကျယ်ကြီးထဲ ရောက်သွားရကာ
ဘေးဘက်ကို ကြည့်လိုက်တော့
ရိုးသတိမထားမိဘဲ လျှောက်နေမိတာက
ရေကူးကန်ရဲ့ ဘေးနားဘောင်လေးကိုပင် ...ရိုးသာ တစ်ယောက်တည်း
ဆက်လျှောက်နေမိရင်" ဘယ်တွေစိတ်ရောက်နေတာလဲ ပေါက်စရာ
ရေထဲတွေ ကျကုန်မှဖြင့် "သူက စိုးရိမ်မှုအပြည့်ဖြင့်ဆိုသည်။
ထိုတဒင်္ဂ အချိန်ခနလေးအတွင်းမှာကိုမှ
သူ့ရဲ့နွေးထွေးမှု ဂရုစိုက်မှုတွေထဲ
ရိုး မျောပါသွားမိပြန်သည်။မဖြစ်ဖူး ... ဒီလူသားကို
အခုထက်ပိုပြီး တွယ်ညှိနေလို့မဖြစ်ဘူးအတွေးတွေ လက်စသတ်ကာ
လှုတ်ခတ်သွားပြန်တဲ့ နှလုံးသားလေးကို
ထိန်းချုပ်လိုက်ရင်း ရိုးသူ့ရင်ခွင်ထဲမှ
ရုန်းထွက်လိုက်သည်။
YOU ARE READING
ခက်ထန်သော နှလုံးသား
Romanceမင်းက ပါးတစ်ချက်ဆို ကိုယ်က အနမ်းတစ်ပွင့်ပဲပေါက်စ အဟွန်း !! နဲနဲတော့ကြမ်းမှာပေါ့