၁၀၅

553 60 0
                                    

(Unicode) နောက်တစ်နေ့မနက်တွင် သူတို့အဖွဲ့ကို လိုက်ရေတွက်ကြည့်တော့ မူလအဖွဲ့သားအဖြစ် စာရင်းသွင်းခဲ့သော ၂၃၈ ယောက်ထဲမှ ၁၅၇ ယောက်ပဲ ကျန်တော့သည်။ နာမည်စာရင်းပေါ်ရှိ နံပတ်များကိုကြည့်ပြီး ဝူကောအန်းသည် ဝမ်းနည်းနေခဲ့ကာ နှလုံးသွေးများ ထွက်မတက်ပင် ခံစားနေရသည်။

ရှောင်းဆာသည် ဤရလဒ်အတွက် အလွန်ကျေနပ်ခဲ့သည်။ ဒီတစ်ကြိမ်မှာ အဖွဲ့၌ လာရောက်စုစည်းကြသူများသည် အကုန်လုံးသည် လျော့ရဲရဲသာ လက်တွဲခဲ့ဖူးကြပြီး ခက်ခဲသောအချိန်များကို တစ်ခါမှ မကြုံတွေ့ခဲ့ကြဖူးဘူး။ သူတို့မှာ လေးနက်သော စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုများ မရှိပေ။ ၎င်းတို့သည် အန္တရာယ် သို့မဟုတ် ပိုမိုကြီးမားသော အခွင့်အရေးနှင့် ရင်ဆိုင်လာခဲ့ရပါက အထူးသဖြင့် ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် သစ္စာဖောက်ခြင်းသည် အလွန်ဖြစ်နိုင်ချေရှိပြီး အဖွဲ့ပြိုလဲနိုင်ခြေ ပိုများသည်။

ယွီရှန်းသို့သွားခြင်းနှင့်ပတ်သက်၍ ထိုကြေငြာချက်သည် အမှန်တကယ်တော့ စမ်းသပ်မှုတစ်ခုဖြစ်သည်။ သူ့နောက်သို့ အမှန်တကယ် လိုက်လိုစိတ်ရှိသူများ သာလျှင် စိတ်ချယုံကြည်နိုင်မည်ဖြစ်သည်။ အလွန် သေးငယ်သော ပြဿနာပင် ဖြစ်သော်လည်း မြို့တော်သို့သွားမည့်ခရီးသည် ရှည်လျားပြီး ယုံကြည်မှုနှင့် ခံစားချက်များသည် နှစ်ဦးနှစ်ဖက်နှင့်ဆိုင်သော ကိစ္စဖြစ်သည်။ သူတို့သည် အခြားသူများကို စမ်းသပ်နေသည့်အချိန်တွင် သူတို့သည်လည်း သေချာပေါက် ပြန်လည်စမ်းသပ်ခံရမည်ဖြစ်သည်။ အနည်းဆုံးတော့ ထိုလူများသည် ယွီရှန်းကိုသွားမည်ဆိုတာ သိကြပြီး ဆက်နေရန် ရွေးချယ်ခဲ့ကြသူများဖြစ်သောကြောင့် ၎င်းတို့၏အကျင့်စရိုက်တွင် ဇွဲလုံ့လ၊ ဝီရိယများ ရှိကြပြီး သဘာဝကျစွာပင် အားကိုးနိုင်ပေမည်။

ထွက်ခွာရန်သတ်မှတ်ထားသည့် နေရာသို့ သူတို့ရောက်သောအချိန်၌ အကုန်လုံးသည် အဆင်သင့်ဖြစ်နေကာ စုစည်းနေခဲ့ကြသည်။ ကားရှစ်စီး တန်းစီထားပြီး ပထမကားသည် တောင့်တင်းပြီး မာကျောသော Hummer ဖြစ်ကာ ဝူကောအန်းသည် ၎င်း၏ဘေးတွင် စောင့်ဆိုင်းနေသည်။ အခြေစိုက် စခန်းရှိ လူများသည် ထိုကားအား မနာလိုစိတ်ဖြင့် မျက်လုံးများနီရဲသည်အထိ အကြာကြီး ကြည့်နေခဲ့ကြသော်လည်း ထိုကားအပေါ် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် မည်သူကမှ မစဉ်းစားရဲကြဘူး။ ယခုအချိန်တွင် ဆေးကြောထားပြီး သားဖြစ်ကာ ထိုကားသည် အသစ်လိုဖြစ်နေပြီး လူအများသည် ထိုကား ရပ်တန့်ထားသောနေရာမှ မျက်လုံးမလွှဲနိုင်ဖြစ်နေကြသည်။

Back to the ApocalypseWhere stories live. Discover now