နေပူကြီးထဲတွင် လယ်ထွန်နေသောသူမှာ ဆန်းမော်ပင်ဖြစ်၏။လယ်ကွက်ဘေးမှ ဖြတ်သန်းသွားသော လူတစ်ချို့ကမူ ဆန်းမော်အားကြည့်၍ တီးတိုးပြောသွားကြ၏။
*ဒီကောင်အလုပ်တော့အတော်လုပ်နိုင်တာဘဲ*
*ဟုတ်ပါ့*
*စရောက်ခါစကကျ လက်ကြောမတင်းမဲ့ပုံနဲ့*
အစရှိသည့်စကားသံများပင်ဖြစ်၏။ထိုသို့ပြောနေစေကာမူ ဆန်းမော်တစ်ယောက် မည်သည့်တုန့်ပြန်မှုမရှိခဲ့။မည်သည့်အတွက်ကြောင့်မသိ အရင်အချိန်များကမူ မိမိအားတစ်စုံတစ်ယောက်က ယခုလိုမျိုးများပြောခဲ့လျှင် တစ်ခုခုလုပ်မိတက်၏။သို့သော် ယခုတွင်ထိုကဲ့သို့ပြုမူမည့်အစား မဲ့ပြုံးတစ်ခုသာပြုံးမိ၏။
…………………………………………………………………
အူဝဲ!အူဝဲ!အူဝဲ!
အညို့လက်ထဲမှသားလေးသည် ကိုမော်လယ်ထဲသွားသည့်အချိန်မှစ၍ ယခုအချိန်ထိအငိုမတိတ်သေး။သားလေးငိုသံကြားလေလေ အညို့ရင်ထဲတွင်ဗလောင်းဆူလေလေဖြစ်မိ၏။ကိုမော်သည်လည်း ယခုအချိန်ထိပြန်မလာသေး။သားလေးအားနို့တိုက်ကြည့်သော်လည်းမရ သားလေးအဘယ့်ကြောင့်ဒီလောက်ငိုနေခြင်းကို အညိုယခုအချိန်ထိစဉ်းစား၍မရသေးပါ။
သားလေးအားရင်ခွင်ထဲတွင်ပွေ့၍ ချော့သိပ်နေချိန်တွင် အညို့အတွေးထဲသို့ရောက်လာသည်က အညို့မေမေပင်ဖြစ်သည်။
အညိုငယ်ငယ်ကလည်း သားလေးလိုငိုခဲ့ဖူးသလား။အဲ့လိုငိုခဲ့တုန်းကကော အညို့မေမေဘယ်လိုခံစားခဲ့ရသလဲ။ဘယ်လိုကောဖြေရှင်းခဲ့သလဲ။
…………………………………………………………………
“မေမေရယ် သားလေးကဘာလို့ဒီလောက်ငိုနေရတာလဲ”
“မိမြိုင် ငါနင့်ကိုဘယ်လိုပြောရမလဲ...သားလေး သားလေးနဲ့မသုံးနဲ့လိုပြောထားတယ်မဟုတ်လား”
မမြိုင်တစ်ယောက် မည်သည့်ဝဠ်ကြွေးများရှိခဲ့ခြင်းအတွက်ကြောင့် ကိုယ့်ရင်သွေးအား သားဟုပင်မခေါ်နိုင်ရသနည်း။
ယခုတွင်ရင်ခွင်ထဲမှသားလေးသည် တွန့်လိမ်ကာနေ၏။အမြိုင့်ရင်ထဲတွင် သားလေးအငိုတိတ်ဖို့အရေးသာရှိသည်။ဖေဖေတို့ဆေးဆရာပင့်ထားခြင်းကြောင့် အခန်းထဲတွင်ကလေးပွေ့ရပ်နှင့် အခန်းအပြင်အားတမျှော်မျှော်ရှိလှပြီ။ကားစက်ရပ်သံကြားပြီးသည်နှင့် သားလေးအားကုတင်ပေါ်သို့ချထားလိုက်သည်။ခဏနေတော့ အိမ်ခန်းထဲသို့ဆေးဆရာကြီးဝင်လာ၏။ကုတင်ပေါ်မှသားလေးကိုစမ်းသပ်စရာရှိတာတွေစမ်းသပ်ပေးသည်။
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ် (Completed)
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။
