FINALE [first date & propose]

446 28 3
                                    

FRANCE MARSEILLE PROVENCE AIRPORT

လေဆိပ်ကထွက်လာလိုက်တာနဲ့ ခံစားချက်ကတစ်မျိုးတစ်မည်ပြောင်းသွားရသည်။ ရှူနေရတဲ့လေကအစ မြင်ကွင်းတွေအဆုံး အရာရာဟာအစိမ်းသက်သက်လိုပင်။ Asiaနိုင်ငံတွေနဲ့အများကြီးကွာခြားတဲ့ယဉ်ကျေးမှုတွေ၊လူနေမှု ထုံးစံတွေက စိတ်၀င်စား ဖွယ် ကောင်းလွန်းနေ၏။

ဘီစီ 600ခန့်တွင်ဂရိ လူမျိုးများကစတင်တည်‌ထောင်ခဲ့သောပြင်သစ်နိုင်ငံတောင်ဘက်စွန်းစွန်းမှာ ရှိတဲ့ MARSEILLE (မာဆေးလ်)ဆိပ်ကမ်းမြို့လေးဟာဘေးပတ်ပတ်လည်မှာလဲ Mediterranean ပင်လယ်က ၀န်းရံထားသောကြောင့် ကြည်လင်၍ အပြာနုရောင်သန်း သော ရေတွေက စိတ်အစဉ်ကိုလန်းဆန်းသွား‌သည်။ ဆိပ်ကမ်းမြို့ဖြစ်သည့်အားလျော်စွာ ငါးဖမ်းသမားများ ပေါများ၍ ရေကြောင်းသွားလာရေး ဖွံ့ဖြိုးသော မြို့လေးဖြစ်သည်။

Bangkok မှစတင်၍12နာရီ40မိနစ်တိတိစီးခဲ့ရသော Airline သည်ဒီကိုဆိုက်ကပ်‌သောအခါ မနက်ခင်းအချိန်သို့ ရောက်ရှိလုနေလေပြီ။ အချိန်ကွာခြားမှုသည် ၅နာရီ ရှိသည့်အတွက် ယခုအခါ 10နာရီ40 မိနစ်သို့ရောက်လုနေ၏။

"ဗိုက်ဆာနေပြီလား ကိုယ်တို့ခဏနေ မြို့ထဲရောက်တော့မယ် "

"အင်း အရင်ဆုံး ‌စားကြတာပေါ့"

မြို့ထဲသို့သွားသည့် bus ကားလေးများရှိသော်ငြားလည်း Taxi သာငှားလာခဲ့ကြသည်။ Pond က သူ့မှာ လည်ပတ်ဖို့နှင့် နေရာထိုင်ခင်း၊အစားအသောက်ကအစ ရင်းနှီးသိကျွမ်းနေပုံမို့ ကျွန်တော်လည်းဘာမှ၀င်ပြော‌မနေတော့ပေ။အခုမှပထမဆုံးအကြိမ်မဟုတ်ပါလား။

ဘေးမှာ လက်ထဲရှိ ဖုန်းအားထုတ်ယူပြီး ဒီဖက်နိုင်ငံရဲ့connection အား တစ်ချက် Join ကာ booking လုပ်ထားတဲ့အရာတွေကိုတစ်ချက် စစ် နေတဲ့ သူကတကယ်ကို ကြည့်ကောင်းနေလေရဲ့ ငိုက်ကျနေသည့်အရှေ့မှ ဆံပင်အား တစ်ချက်လက်ဖြင့် သပ်တင်ပေးမိသည်။

"ဆံပင်ကတော့အခုထိကို ရှည်နေတုန်းဘဲနော်"

"ဒါတောင်ကိုယ်ညှပ်ထားသေးတာ"

တအောင့်အကြာ restaurant တစ်ခုသို့ရောက်ရှိသွားသည်။ဆိုင်ထဲတွင်တော့ ဖုန်းမှန်သားပြင်မှာ‌မြင်ခဲ့ရသည့်အတိုင်း အပေါ်ထပ် တွင် table ၀ိုင်းပြင်ထား၍ အထပ်စီးမှ မြို့နှင့် ပင်လယ်ထဲသို့ သွားနေသော စက်လှေသင်္ဘောများကို မြင်တွေ့နေရသည်။

REAL OR  NOT [ Completed ]Where stories live. Discover now