၁၁၄

445 61 0
                                    

(Unicode)ပိုင်ကျင်းသည် အလုပ်မရှိ ကြောင်ရေချိုးသလို လုပ်နေခဲ့တာမျိုး မဟုတ်ဘူး။ ဤခရီးအတွက် သူ့တို့မှာ လူအများအပြား ရှိနေခဲ့သော်လည်း မြို့တော်သို့ ရောက်သည့်အချိန်တွင် သူတို့သည် အဖွဲ့အစည်းပေါင်းစုံ၏ လွှမ်းမိုးမှုအောက် တွင် ရှိနေကြဆဲဖြစ်သည်။ အင်အားမျှခြေပြောင်းလဲသွားပါက သူတို့သည် အံကိုကြိတ်၍သာ မကျေနပ်မှုများကို မျိုချထားရမည်ဖြစ်သည်။ ပိုင်ကျင်း သဘောမကျဆုံးအရာသည် သည်းခံမှုဖြင့် ကိစ္စများအား လက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ်မတိုင်ခင်ဖြစ်စေ၊ ကမ္ဘာပျက်ပြီးဖြစ်စေ သူတို့ ဘယ်ရောက် နေသည်ဖြစ်စေ၊ နိုင်ငံရေးသည် ယိမ်းယိုင်နေသရွေ့ ထာဝရရန်သူဆိုတာ မရှိတော့ဘဲ ထာဝရအကျိုးအမြတ်သာ ရှိတော့မည်ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က ပိုင်ကျင်းချန်သည် သူ့ဇနီး၏မျိုးရိုးအမည်မှာ ကျိုး ဖြစ်သော်လည်း ကျိုးမိသားစုနှင့် သဘောထားကွဲလွဲခဲ့သည်။ သို့သော် သူသည် သူ၏အာဏာကို သိမ်းယူခံလိုက်ရပြီး ကျိုးမိသားစုအတွက် ပြောသမျှ လက်ခံပေးရမည့် လူတစ်ဦးအဖြစ် အတင်းအကြပ် ဖိအားပေးခံရတာမျိုးကို မလိုချင်ခဲ့ပါက သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာသည် ကျိုးမိသားစုကို ရင်ဆိုင်ပြီး ၎င်းတို့အား ဖြည်းဖြည်းချင်း ဆွဲချရန် ကြိုးစားခြင်းပင်ဖြစ်သည်။

ဆိုရိုးစကားအတိုင်း အချိန်နှင့်အမျှ အခြေအနေများက ပြောင်းလဲနေသည်။ လအနည်းငယ်ကြာပြီးနောက် ကျန်းချိုးချန်၏ကူညီမှုဖြင့် ပိုင်ကျင်းချန်သည် ယခုအခါတွင် တက်ကြွမှုအပြည့်ဖြစ်နေသည်။ သူသည် ယခင်က အရင်းအနှီး ရှိသော်လည်း ကာကွယ်ရန်နည်းလမ်းမရှိသည့် ရတနာအိုးတစ်လုံးကို ကိုင်ဆောင်ထားသော ကလေးတစ်ယောက်နှင့် ဆင်တူပါက၊ ယခုအခါတွင် လက်ထဲတွင် ပစ္စည်းများနှင့် စွမ်းအားနှစ်ခုစလုံးရှိနေကာ ရည်မှန်းချက်အပြည့် ရှိနေပြီဖြစ်သည်။

လူများ၏ရှုထောင့်သည် ပတ်ဝန်းကျင်အခြေအနေနှင့် အမြဲတမ်း လိုက်၍ ပြောင်းလဲနေလိမ့်မည်ဖြစ်သည်။ လက်ရှိ ပိုင်ကျင်းချန်သည် ကျိုးမိသားစုအား ဆန့်ကျင်ရန် သဘာဝကျစွာပင် မလိုအပ်တော့ဘူး။ ဆန့်ကျင်ဘက်အားဖြင့် သူတို့၏သမီးယောက္ခမဆက်ဆံရေးသည် သူတို့၏ဆက်ဆံရေးအား နီးကပ်လာ စေသည်။

Back to the ApocalypseWhere stories live. Discover now