အပိုင်း (၁၈၆) ငါကဘာလို့ ဒီမှာရှိလို့မရမှာလဲ
ကုချင်းယွီ ဒီစွန့်ပစ်ခံထားရတဲ့မိန်းမက ဘယ်လိုလုပ်ပြီး သူမမျက်စိကျနေတဲ့ သည်လူနဲ့ အတူတူ ရှိနေရတာလဲ။ ပြီးတော့ အတင့်ရဲလို့ သူ့လက်ကိုများ တွဲထားလိုက်သေးတယ်။
ကုချင်းယွီကို ချစ်သူလုဖက်တစ်ယောက်လို ကြည့်ရင်း တွမ့်ယွင်ယွင်၏မျက်လုံးများသည် မီးတောက်များ ပေါက်ထွက်လာသလို ဒေါသထွက်သွားတော့သည်။
ကုချင်းယွီက တစ်ချိန်ထဲတွင် ရယ်ချင်သွားသလို စိတ်လည်းပျက်သွားတော့သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် တွမ့်ယွင်ယွင်သည် တစ်လောကလုံးကို ပိုင်သည်ဟုတွေးတတ်သည့် အလိုလိုက်ခံထားရသဖြင့် ဆိုးသွမ်းနေသည့်မိန်းကလေးတစ်ယောက်ပင်။ သူမက သူမ၏အချစ်ဆုံးသူငယ်ချင်းနှင့် သူမ၏အစ်ကိုကို လက်ထပ်စေချင်သည်။ ထို့ကြောင့် သူမက မူလခန္ဓာကိုယ်ပိုင်ရှင်ကို အမြဲတမ်း အမြင်မကြည်ဖြစ်နေပြီး တွမ့်ရှင်းယွမ်ရှေ့တွင်ပင် ရိုင်းပြလေသည်။ သို့သော် ထိုအချိန်က တွမ့်ရှင်းယွမ်သည် မူလခန္ဓာကိုယ်ပိုင်ရှင်ကို သည်းခံပေးရန်သာပြောပြီး ဘာမှမတတ်နိုင်သည့် မျက်နှာပေးမျိုးနှင့် သူ့ညီမလေးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရဖြင့် ဆိုးနေခြင်းဖြစ်ကြောင့် သူမကပဲ ပိုပြီးသည်းခံပေးရန် ပြောခဲ့လေသည်။
ပိုပြီး သည်းခံပေးရမတဲ့လား။ သူတို့နှစ်ယောက်လုံးက အသက်အတူတူပဲလေ။ ပြီးတော့ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း အနည်းဆုံးတော့ အပေါ်ယံအားဖြင့်ဆိုရင် ကုမိသားစု ပျိုးထောင်ခဲ့တာပဲ။ ဒါနဲ့များ သူမက တွမ့်ယွင်ယွင်ထက် နိမ့်စရာလား။
ပြီးတော့ တွမ့်ရှင်းယွမ်ဆိုတဲ့ ဒီသတို့သားလောင်းက မူလပိုင်ရှင်ကိုများ ပိုပြီး သဘောထားကြီးပေးဖို့ တောင်းဆိုခဲ့တာ လွန်လွန်းတယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း ထင်တောင်မထားဘူး သဘောတူလိုက်သတဲ့။
ထိုသို့စဥ်းစားလိုက်ပြီး ကုချင်းယွီသည် စိတ်ရှုပ်စရာကောင်းသလို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရတော့သည်။ သူမ၏မျက်ခုံးများကို ပင့်ထားလိုက်ပြီး တွမ့်ယွင်ယွင်ကို ကြည့်လိုက်ကာ
ESTÁS LEYENDO
အကြီးဆုံးမမလေးက မူမမှန်
Fantasíaလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...
