အပိုင်း (2)

3.5K 64 1
                                    

အပိုင်း (2)

        "သွားတော့ "

      စကားသံအဆုံး လိပ်ပြာက သူ့အား ဦးညွှတ်လိုက်ရင်း လှည့်သွားရန် ခြေလှမ်းစလိုက်ချိန်

      ရုတ်တရက် လက်ကတစ်စုံတစ်ရာဆုပ်ကိုင်မှုကြောင့် နာကျင်သွားရသည်။
      
        လင်းဧကရာဇ် က လက်တစ်ဖက်တည်းနဲ့ လိပ်ပြာရဲ့လက်နှစ်ဖက်ကို ချုပ်ကာဖြင့် နံရံမှာ ဖိကပ်ထားသည်။

     သူ့မျက်၀န်းတွေ စူးရှပြီး မျက်ခုံးတွေက ကျုံကာ မျက်မှောက်ကြုံထားသည်။ မရေမရာသော မျက်နှာထားနှင့်အတူ

        "မင်းက ပိုက်ဆံကို အရမ်းကြိုက်တယ်ပေါ့ "

        လိပ်ပြာ သု့အမူကျင့်တွေကို နားလည်တယ် ဟိုးအရင်ထဲကနေ အခုထိပဲ

       "ကြိုက်တယ်..... ဘာဖြစ်လို့လဲ "

        လင်းဧကရာဇ် က မျက်မှောက်ကြုံလျက်ဖြင့် သူမ လည်တိုင်တွေကို ထိကိုင်လိုက်သည်။

        "မင်းကိုယ်မင်း ရောင်းစားရတာ ပိုက်ဆံ ထင်သလောက်မရလို့ အလုပ်လာလျှောက်တာလား
ဒါမှမဟုတ် တမင် ငါက ချမ်းသာမှန်းသိသွားလို့ ငါ့ကို ပြန်ပြီးမြူစွယ်ချင်လို့လား "

        အေးစက်သောလေသံအပျော့လေးနှင့် ဘာခံစားချက်မှ မရှိသော မျက်နှာဖြင့် ဖြေညှင်းစွာ ဆိုသည်။

          "ထင်ချင်သလိုထင်....အခု ကျွန်မ လက်ကို လွှတ်ပေးပါ Mr.Linn  "
 
      သူမ အမူရာက သူလိုချင်တယ့် ပုံစံမျိုးမဟုတ်တာကြောင့် လင်းဧကရာဇ် က သူမ လက်ကို လွှတ်ပေးလိုက်သည်။
       
       သူလဲ အလုပ်ကိစ္စအချို့ရှိသေးတာကြောင့် သူမနဲ့ ဆက်မကစားတော့ချေ။

          "ကောင်းပြီ ငါ့ Schdeul တွေကို သေချာကြည့်ထား ငါက အရမ်းအလုပ်ရှုပ်တယ့်သူမျိုး
ငါ့ဆီ အမှားယွင်းတစ်ခုတောင် မပါလာစေနဲ့ "

              "ဟုတ်ကဲ့ "

            ~~~~~~~~~~~~~~~~~~

      ဥက္ကဌတစ်ယောက်ရဲ့ အလုပ်တွေကို ကူညီဖို့
သူ့ရဲ့အတွင်းရေးမူးအဖွဲ့ ရှိသည်။

    စုစုပေါင်း လိပ်ပြာ အပါအ၀င် ၇နှစ်ယောက်ရှိသည်။

       သူတို့အားလုံး ကိုယ်ပိုင်လုပ်ငန်းစဥ်တွေ နဲ့ အတူ အလုပ်လုပ်ကြသည်

အနက်ရောင် နှင်းဆီ 🔞Where stories live. Discover now