အပိုင်း ( ၁၉၀) ပိုပြီးတော့တောင် အောင်မြင်သေးတယ်

2.2K 144 2
                                        

အပိုင်း ( ၁၉၀) ပိုပြီးတော့တောင် အောင်မြင်သေးတယ်

သူမရဲ့ဘကြီးနဲ့ မိဘတွေက ဒီအင်အားကြီးတဲ့ဦးလေးငယ်ဆီကနေ ဒီထက်ပိုပြီး အကျိုးအမြတ် မရနိုင်တာက သူတို့တွေ သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် လုပ်ပေးရမလဲဆိုတာ မသိကြလို့လေ။ သူမကတော့ မဟုတ်ပေါင်။ သူမက မိသားစုထဲမှာ တစ်ဦးတည်းသောမိန်းကလေးလေ။ လှတယ်၊ ထူးချွန်ပြီး စကားပြောလည်းချိုတယ်။ သူက သူမကို ချစ်မှာသေချာတယ်။

အချိန်ကျလာရင် သူမက သူ့ကို သဘောကျအောင်လုပ်ပေးလိုက်မယ်။ ဒါဆိုရင် သူက သူမကို သူနဲ့အတူခေါ်သွားရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ် သူမကို ပိုပြီးအင်အားရှိတဲ့လူတွေနဲ့ မိတ်ဆက်ပေးလိုက်။ ဒီလိုဆိုရင် နောက်ပိုင်း သူမ ပန်းချီမဆွဲနိုင်ရင်တောင် ကောင်းကောင်း လုပ်ကိုင်လို့ရသေးတယ်လေ။

မုရွှမ်ယန်နှင့် ဒုတိယသခင်မမုတို့သည် ထိုအကြောင်းကို စဥ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်လေသည်။ မုရွှမ်ချင်က မိသားစုရဲ့ တစ်ဦးသောမိန်းကလေးကို ဂရုစိုက်ရမှာပဲလေ၊ မဟုတ်ရင် သူက သူမရဲ့မင်္ဂလာဆောင်ကို လာပါ့မလား။

အဘိုးကြီးရှိတုန်းက  ဆိုရင်လည်း သူတို့သမီးလေးကို အရမ်းချစ်ခဲ့တာလေ။ ဒါကလည်း သူတို့တွေ ယောက်ျားလေးတွေကို ဦးစားမပေးရတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ ဘာလို့လဲဆိုတော့ မုမိသားစုက ယောက်ျားလေးတွေချည်းပဲလေ။ မိန်းကလေးဆိုလို့ မုအိုက်တစ်ယောက်ပဲပါတာ။

သူတို့တွေကို မုရွှမ်လင်က အမြဲတမ်းချုပ်ချယ်နေတာကို မလိုချင်ပါဘူး။ ဒီတော့ သူတို့မှာသာ မုရွှမ်ချင်ရဲ့အထောက်အပံ့ရလာရင် သူတို့တွေက မုမိသားစုရဲ့ခေါင်းဆောင် မဖြစ်နိုင်ရင်တောင် အရင်တုန်းကထက်တော့ ပိုပြီးတိုးတက်လာနိုင်တာပေါ့။ ထို့ကြောင့် မုရွှမ်ယန်နှင့် ဒုတိယသခင်မမုတို့သည် မုအိုက်ကို တားရန် မကြိုးစားကြတော့ပေ။ မုအိုက်ကလည်း အရင်က သူမအကောင်းဆုံး ဆွဲသားခဲ့သည့်ပန်းချီကားကို ပြင်ဆင်ထားပြီး မုရွှမ်ချင်အား လက်ဆောင်ပေးရန် ရည်ရွယ်ထားလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now