အပိုင်း (6)

3.3K 86 9
                                    

အပိုင်း (6)

     "မင်းတို့ အိမ်ပြန်လို့ရပြီ "

     "ဟုတ်ကဲ့ Mr.Linn "

     "လွမ်းလိပ်ပြာ ဟိုတစ်ယောက်ကို ငါ့ Star Light Hotel မှာ တွေ့ဖို့ ချိန်းထားလိုက် ဒီည ၉နာရီ"

    "ဟုတ်ကဲ့ Mr.Linn "

    "ဒီနေ့ ငါ ၀မ်မိန့်မိန့် (၀မ်ညီမလေး) နဲ့ date ထားတယ် အတွင်းရေးမူးကလျာမေ ဒီည ၇နာရီ ပန်းစည်းတစ်စည်း၀ယ်ပြီး ငါ့အိမ်လာခဲ့ "

    "ဟုတ်ကဲ့ Mr.Zay "

    သူမတို့နှစ်ယောက်ထွက်သွားချိန် ရာဏဇေက လင်းဧကရာဇ် အား စိုက်ကြည့်လိုက်သည်။

    "လွမ်းလိပ်ပြာက မင်း Ex လား"

     ရာဏဇေကို ဒီကိစ္စကိုတစ်ခါလေးတောင် တစ်ခွန်းမျှ မဟခဲ့ဖူးချေ။သူက ဘယ်လိုသိသွားရတာလဲ။

    "မဟုတ်ပါဘူး မင်း ဘာကို ဆိုလိုတာလဲ"

    "အင်း ဘာမှ မဟုတ်တော့ဘူး"

    လင်းဧကရာဇ် က ငြင်းပြီးသည်နှင့် အိမ်ကနေ သူ့သူငယ်ချင်းကို မောင်းထုတ်တော့သည်။

    "မင်းလဲ သွားတော့"

   "အေးပါ သွားမှာပါ "

    ~~~~~~~~~~~~~~~~~~~~~~

    လွမ်းလိပ်ပြာက ည ၈နာရီလောက် လင်း အိမ်ကိုထပ်ရောက်လာသည်။

    လင်းဧကရာဇ်က ဧည့်ခန်း၀ယ် ဖုန်းကြည့်နေသည်။

     "Mr.Linn "

    "ညစာ အရင်မှာလိုက် ညစာစားပြီးမှ သွားမယ် "

   "ဟုတ်ကဲ့ Mr.Linn "

   ပီဇာ မှာလိုက်သည်။

ပီဇာရောက်တော့ လင်းဧကရာဇ် က ပီဇာစားရင်း TV ကြည့်နေသည်။

    လိပ်ပြာက သူ့အခန်းထဲက အင်္ကျီထုတ်ပေးနေသည်။

    "ဘာနဲ့ တွဲထုတ်ရင်ကောင်းမလဲ "

  သေချာအတွဲစက်များကို ပြင်ဆင်ပြီးနောက်
အခန်းထဲသို့ ၀င်လာသည့် လင်းဧကရာဇ်

   "ဒါ ဘယ်လိုနေလဲ အင်း အဆင်ပြေမှာပါ"

   "အဆင်ပြေတယ် "

    အနောက်ကအသံကြောင့်လန့်သွားသည်။

သရဲလိုပဲ အထိတ်တလန့် အသံ ဘယ်ချိန်က ရောက်မှန်းတောင်မသိဘူး

အနက်ရောင် နှင်းဆီ 🔞Where stories live. Discover now