6.4

930 49 0
                                        

<Unicode>
ဝယုတို့ စားသောက်ပြီးနောက် သီရွတ်က ကစားကွင်းသွားချင်တယ်ဆိုတာကြောင့် ဝယုလိုက်ပို့ပေးခဲ့သေးသည်။

ညနေ 5 နာရီထိုးတော့ မယ့်ဝမ်ယင်တို့သားအမိကိုအိမ်ထိလိုက်ပို့ရင်း အိမ်ရဲ့အခြေအနေကိုစူးစမ်းကြည့်လိုက်သည်။

မယ့်ဝမ်ယင်တို့အခုနေနေတဲ့တိုက်ခန်းက ဟောင်းနွမ်းနေသလို အပေါ်ထပ်အောက်ထပ်ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလည်း ဆူညံလှသည်။

မယ့်ဝမ်ယင်ကတော့ ဝယုကိုဒီနေရာခေါ်လာမိလို့အားနာနေပုံပေါ်နေတာကြောင့်ဝယု အပြုံးနဲ့ဘဲနှုတ်ဆက်ကာ အိမ်ပြန်လာခဲ့သည်။

သူအိမ်ပြန်ရောက်တော့ 5နာရီခွဲနေပြီ..နန်ဝီရဲ့အရိပ်အယောင်ကိုရှာကြည့်ပေမဲ့ မတွေ့တာကြောင့် နန်ဝီအိပ်တဲ့အခန်းဆီတက်လာခဲ့သည်။

အခန်းတံခါးကိုတွန်းဖွင့်ပြီးအထဲကိုကြည့်လိုက်သော ဖုန်းကိုကိုင်ပြီးအိပ်ပျော်နေတဲ့ ဇနီးဖြစ်သူကိုတွေ့လိုက်ရသည်။

လူကအိပ်နေပေမဲ့ဖုန်းပြုတ်မကျအောင်ကိုင်ထားနိုင်တာကြောင့် အနည်းငယ်သောအံဩသွားသည်။

နန်ဝီအနားတိုးကပ်သွားလိုက်ပြီး ဖုန်းပိတ်ဖို့ screen ဆီအကြည့်အရောက် ပေါ်လာနေတဲ့ video အတိုတွေကြောင့် မျက်မှောင့်ကြုံ့လိုက်သည်။

ချောတဲ့ယောက်ျားလေးတွေက ကနေကြသလို ထပ်ပေါ်လာတဲ့ video တွေကလည်း အချောတွေကြီးသာဖြစ်နေသည်။

တစ်ချို့ယောက်ျားလေးတွေဆို သူတို့ဗိုက်မှာရှိနေတဲ့ sixpack တွေကိုလှန်ပြတဲ့သူက လှန်ပြ အင်္ကျီချွတ်ပြထားတဲ့သူက ပြနဲ့ စိတ်ရှုပ်စရာကောင်းလှသည်။

Following ကိုသွားကြည့်လိုက်တော့လည်း ပေါ်လာတဲ့ profile အားလုံးက အချောတွေသာဖြစ်သည်။

Following အားလုံးကိုလိုက်ဖြုတ်လိုက်ပြီး ဝယုသူ့အကောင့်ကိုသာ သွားအပ်လိုက်ပြီး
မန့်တွေကိုလည်း

"ယောက်ျားရေ"

"ချစ်လိုက်တာ"

"ယောက်ျားအရမ်းချောတာဘဲ"

"ယောက်ျားအလုပ်တွေဘဲလုပ်မနေနဲ့နော် အာဘွား😘😘"

ဆိုပြီး လိုက်မန့်ပစ်လိုက်သည်။ထိုအချိန် နန်ဝီရဲ့ခန္ဓာကိုယ်က လူးလိမ့်လာတာကြောင့် ဖုန်းကိုအမြန်ပိတ်လိုက်ပြီး ဘေးမှာချထားပေးခဲ့ပြီး သူ့အခန်းဆီပြန်လာခဲ့သည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now