Chapter (24)
လီရှန့်တောင်ဟုန်ကျွင့် ထိုညတွင် နောက်ထပ် အိပ်မက်ဆိုးတစ်ခု မက်ခဲ့ပြန်သည်။
အိပ်မက်ထဲတွင် တုဟန်ချင်း၏ တစ်ကိုယ်လုံး မီးလောင်နေပြီး အရေပြားများ အက်ကွဲကာ သွေးများလည်း ထွက်လာနေသည်။ အရေပြားအောက်ရှိ နာကျင်နေသော မြေခွေးတစ်ကောင်သည် လူ့ခန္ဓာကိုယ်မှ ရုန်းထွက်ရန် ရုန်းကန်နေရင်း သနားစရာကောင်းတဲ့ ငိုကြွေးသံကို ထုတိလွှင့်လိုက်သည်။
"အား-!"
ဟုန်ကျွင့် အလန့်တကြားဖြင့် ထထိုင်လိုက်သည်။
"ဟုန်ကျွင့်?"
မော့ရစ်ကန်းက အသံနဲ့အတူ အခန်း အပြင်ဘက်မှ လျင်မြန်စွာ ပြေးဝင်လာပြီး ပြိုလဲတော့မည့် ဟုန်ကျွင့်လက်ကို ဖမ်းဆွဲလိုက်သည်။ ဟုန်ကျွင့် ဖြည်းညှင်းစွာ အသက်ရှုသွင်းရင်း မောဟိုက်နေ၏။ ဒါဟာ သူ့ရဲ့ ဒုတိယအိပ်မက်ဆိုးပဲ။
“သမင်ဖြူက ထွက်သွားတဲ့ညကစပြီး မြက်ခင်းပြင်ရဲ့ အိပ်မက်ဆိုးတွေက နေရာတိုင်းကို တဟုန်းဟုန်း တောက်လောင်နေတာ”
မော့ရစ်ကန်း တိုးတိုးလေး ပြောပြသည်။ ဟုန်ကျွင့် ရေတစ်ခွက်ကို လောင်းပြီး အဝသောက်လိုက်သည်။ လက်ဖက်ရည်ခွက်ပေါ်က စာလုံးအနည်းငယ်ကို တိတ်တိတ်လေးရွတ်ရင်း ရေသောက်ပြီးနောက် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ဟုန်ကျွင့်: "မင်း ဘာကိုဆိုလိုတာလဲ"
"ဝံပုလွေဖြူက နေ့ကိုစောင့်တယ်... သမင်ဖြူက ညကိုစောင့်တယ်... သမင်ဖြူတွေ အမှောင်ထဲမှာ ပျောက်ကွယ်သွားတဲ့အခါ အိမ်ကထွက်သွားတဲ့ ကလေးတွေက အိပ်မက်ဆိုးတွေ မက်ကြလိမ့်မယ်တဲ့.... မင်း အိမ်လွမ်းနေတာလား"
ဟုန်ကျွင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ မော့ရစ်ကန်း ဟုန်ကျွင့်ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
"လူတွေက ကြီးပြင်းလာတဲ့အခါ အိမ်ကနေ အမြဲလိုလို ထွက်သွားကြရတာပဲလေ..."
"ဟုတ်တယ်"
မော့ရစ်ကန်းရဲ့ နှစ်သိမ့်စကားအတွက် ဟုန်ကျွင့်လည်း ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
VOCÊ ESTÁ LENDO
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficção Históricajust fan translate. This is not my own story.