Chapter 14 [ Zawgyi ]

271 12 4
                                        

Edited ✔️

အပိုင်း၁၄။ အငြင်းခံရတယ်?

သူ့လေသံကသာမန်ထက်ကို လေးနက်လွန်း​နေပုံကကျွန်တော့်ခန္ဓာကိုယ်မှာတစ်ကယ်ကိုအနံ့ဆိုးထွက်နေသည်ဟူ၍ပင်​တွေးမိ​စေသည်။

အ​​ပေါ်ထပ်အင်္ကျီကို သံသယစိတ်နဲ့ ကိုင်လိုက်ပြီးအနံ့ခံကြည့်လိုက်​တော့ ဒါဟာ အမျိုးသမီးရေမွှေးရဲ့ သိသာထင်ရှားတဲ့ရနံ့မှန်းသိလိုက်ရသည်။မနက်ကရွှီးရှီနဲ့တူတူရှိတုန်းကသူ့ဆီကကပ်ပါလာတာဖြစ်နိုင်ပြီးအခုနာရီအနည်းငယ်ကြာပြီးနောက်မှာတော့ ပြင်းထန်တဲ့ခပ်စူးစူးရနံ့အဖြစ် ပြောင်းလဲသွားသည်ထင်၏။

သူ​ပြောတဲ့အနံ့ဆိုးဆိုတာဒါကိုပြောနေတာပဲဖြစ်ရမယ်။

ခွေးနှာခေါင်းနဲ့​ကောင်။

“အို__ဒါလား? အဲ့တာက​လေ သူများဆီကအနံ့..မ​တော်တဆကျွန်​တော့်ဆီကပ်ပါလာတာထင်တယ်.. ” လို့​ပြောလျက်စိတ်ကိုထိန်းကာမျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီးရှင်းပြလိုက်သည်။

“ဒီအနံ့ကိုမင်းမကြိုက်ရင်ကျွန်​တော်အင်္ကျီကို ချွတ်ထားလိုက်မယ်​လေ​နော်..ရမလား? ”

ကျီချန်ဖုန်းကအကြည့်စူးစူးတစ်ချက်ကိုကျွန်​တော့်ဘက်လွှင့်ထုတ်လိုက်ပြီးနောက်ခပ်တင်းတင်းဆုတ်ထားတဲ့သူ့လက်ကိုလွှတ်​ပေးလိုက်​တော့သည်။

TN// Mature & Sensitive words ahead!

ပါးစပ်ကမ​ပြော​သော်လည်း သူလက်ခံလိုက်တာကိုခံစားလိုက်မိတာနဲ့အ​ပေါ်ထပ်အင်္ကျီကိုချွတ်ကာ ​စားပွဲ​ပေါ်ကိုတင်လိုက်သည်။အောက်တွင်ဝတ်​ထား​သော ရှပ်အင်္ကျီကြယ်သီး​များကိုလဲ မသိမသာဖြုတ်ပြလိုက်​သေးသည်။

"မင်း..ဘာလို့ရုတ်​တရက်​ပြန်​​ပေါ်လာပြန်တာလဲ..ငြင်းလိုက်ပြီးပြီမဟုတ်ဘူးလား? "

ဤနှစ်ရက်အတွင်းကျွန်​တော့်မက်ဆေ့ခ်ျများကိုမကြည့်ခြင်းသို့မဟုတ်စာမပြန်ခြင်းသည် ကျွန်​တော့်အား “ငြင်းဆိုထားသည်”ဟုသူကယူဆထားလို့တဲ့လား?

ငြင်းလိုက်တယ်? ဘာကို..?

ငြင်းခံလိုက်ရတာလား ငါက​လေ??

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now