10

210 28 3
                                    

တီ တီ...

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့်..."

ဟာအို အိပ်ခန်းထဲတွင် ထိုင်မရ ထမရ နှင့်ကိုင်သူမဲ့ဖုန်းကို ဆက်၍ ခေါ်နေဆဲ...
ထို့အတူ လူကြီးမင်းနှင့်စသော စကားစုဟာလဲ မနားတမ်း အသိပေးနေသည်။

"ကိုင်စမ်းပါ..ကျေးဇူးပြုပြီး!!"

လက်သည်းကြည်ကြည်လေးတွေကို နှခမ်းနဲ့ကိုက်၍ စိုးရိမ်စိတ်တို့ လျော့ပါးစေရန် ကြိုးစားနေမိသည်။

11ကြိမ်မြောက် ဖုန်းခေါ်ဆိုမူဟာလဲ ထိုနည်းတူစွာပင် အဆုံးသတ်နေသည်မို့ လက်ထိပ်လေးပင် တုန်ယင်လို့လာသည်။

"ဘာ...ဘာလို့ ဖုန်းခေါ်လို့မရတာလဲ!!!
မဖြစ်ဘူး..ငါလိုက်သွားမှဖြစ်မယ်!!ရစ်ခီ...တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ မဖြစ်နိုင်ပါဘူး..သူ ဖုန်းကို တမင် စက်ပိတ်ထားတာ များလား ဒါမှမဟုတ်..."

တစ်ယောက်တည်း စကားတွေပြောမိနေပြီး ဟန်ဘင်းကို အမြန်ရှာနေမိသည်။

သူတို့ ယခု တရုတ်ကိုပြန်ဖြစ်အုံးမည်မဟုတ်ကြောင်း ဖုန်းဆက်ပြောရန် ဖုန်းခေါ်နေပေမယ့် တစ်ဖက် မှ ရစ်ခီရှန်မှာ ဖုန်းမကိုင်သည်မို့လူက စိတ်ပူလာသည်။
ထိပ်လန့်တာရော စိုးရိမ်တာရော ခံစားချက်များ ပေါင်းစည်းကာသွား၏။

"ဘာဖြစ်နေတာလဲ?"

ဆောင်းဟန်ဘင်း စာကြည့်ခန်းထဲတွင် အလုပ်ကိစ္စ Online Meeting ​လုပ်ပြီးအောက်ထပ်သို့ ဆင်းအလာတွင် ဖြူဖျော့နေသည့် မျက်နှာလေးနှင့်ကျန်းဟာအိုကို တွေ့လိုက်ရခြင်းမို့ ဟန်ဘင်း အကြောင်းအရင်းကိုသိလို၍ မေးလိုက်သည်။

ကျန်းဟာအို...

တကယ်တော့ ထိုလူက ကျန်းဟာအိုဆိုတာ ဟန်ဘင်းရိပ်မိတာ သိပ်မကြာသေးပါ။
ဦးလေးဖြစ်သူ ဟန်ဘင်းဆီရောက်ချလာပြီး ပြောခဲ့သည့် ထိုလူ့အကြောင်းတစွန်းတစကြောင့် စိတ်မဝင်စားဘူးငြင်းခဲ့ပေမယ့် တိတ်တဆိတ် စုံစမ်းမိခဲ့၏။

စုံစမ်းရမိသည်က ကျန်း မိသားစုတွင် ကျန်းဟာအိုနှင့်ကျန်းဟာနူးလ် အမွှာ ညီအစ်ကိုနှစ်ယောက်ရှိသည်။
ဖခင်ဖြစ်သူမှာ နိုင်ငံရေးနယ်ပယ်တွင် ကောင်းသတင်းထက် လူမုန်းများကာနာမည်ကြီးသည့် အရာရှိတစ်ဦးဟု ပြောရမလိုပင်။
ထို့ကြောင့်ဘဲ သားဖြစ်သူနှစ်ဦးလုံး  လွန်ခဲ့သည့် 10နှစ်က အတူ ပြန်ပေးဆွဲခံခဲ့ရကာ..အကြောင်းမလှစွာဖြင့် 10နှစ်အရွယ်
ကျန်းဟာနူး သေဆုံးသွားခဲ့ရသည်။
ကောလဟာလ အရ ထိုကလေးတွင် ရောဂါအခံလေးရှိနေသည်မို့ ထိပ်လန့်ဖွယ် အဖြစ်အပျက်နှင့် ကြုံတွေ့လိုက်ရတဲ့အခါ ရှော့ခ်ဖြစ်သွားခြင်း။

To My HeartWhere stories live. Discover now