Chapter (251) Arc 4
အတိဒုက္ခ
"ဒါ့အပြင် ပျံသန်းနေပုံ မပေါ်ဘဲ ဆွဲအားကြောင့် ပျံသန်းရတဲ့အမြင့်က သိသိသာသာ လျှောကျနေတာ.... ငါတို့ ဒီအထိ ပြေးလာနိုင်မယ်လို့ မမျှော်လင့်ထားဘူး.... အဲဒီလူတွေ မထိတ်လန့်ဘဲ ချက်ချင်း လိုက်မီလာရင် ငါတို့ပြေးဖို့ မတတ်နိုင်တော့မှာ ကြောက်ရတယ်...."
လုရွှမ် အတိုချုံးရှင်းပြပြီး လူအများအပြားက စိတ်ချယုံကြည်စွာ ခေါင်းညိတ် ပြလာကြသည်။
စုစုပေါင်း ဆယ်ကီလိုမီတာကျော် ပျံသန်းပြီးနောက် ထိုလူများသည် တကယ်ကို ထိတ်လန့်သွားခဲ့တာကြောင့်သာ မဟုတ်ပါက သူတို့ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
"လုရွှမ် ရှင် အဆင်ပြေရဲ့လား"
အောင့်ယွဲ့ မေးလာ၏။
"အဆင်ပြေပါတယ်!"
လုရွှအ် ခေါင်းကို အမြန်ညိတ်လိုက်ပြီး ခဏလောက်တော့ သူမကို မကြည့်ဝံ့တော့ပေ။
ထင်ယောင်ထင်မှား ပုံရိပ်ယောင် များစွာသည် မှုန်ဝါးသွားသော်လည်း လုရွှမ်သည် ဤလှည့်စားမှုများစွာထဲက အောင့်ယွဲ့ သူမအသက်ကို စွန့်စားခဲ့ရသည့် မြင်ကွင်းကို ဘယ်လိုလုပ်များ မေ့နိုင်ပါ့မလဲ။ နိုးလာပြီးနောက် အောင့်ယွဲ့ ၏ ဆိုးရွားသော အခြေအနေကို ကြည့်ရုံဖြင့် သူ့ကို ကာကွယ်ရန် သူမ ဘယ်လောက် ပင်ပန်းခဲ့ရလဲ ဆိုတာ သူသိသည်။
"အဆင်ပြေရင် ပြီးတာပါပဲ.... အားလုံးပဲ ခဏအနားယူပြီး ဒီနေရာကနေ အရင်ထွက်သွားရအောင်... အဲဒီလူတွေ လက်မလျှော့ဘဲ ဆက်ပြီး အမီလိုက်ချင်သူတွေ ရှိနေဦးမှာမလို့ သတိထားကြရအောင်"
အောင့်ယွဲ့ ပြောတာ မှန်တာကြောင့် လူတိုင်းဟာ သူတို့ရဲ့ ခွန်အားကို မြန်မြန် ပြန်စုစည်းပြီး အမြန် ထွက်ပြေးကြဖို့ ပြင်လေသည်။
လုရွှမ်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တခြားလူတွေက သူတို့နှစ်ယောက်ရဲ့ အခြေအနေကို မြင်ပြီး ခဏတာ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ပါဝင်ပတ်သက်သူတွေက ဘာမှမပြောတဲ့အတွက် သူတို့ကလည်း ဝင်ထောက်ဖို့ အဆင်မပြေချေ။
