🐦34🐦ဒုက္ခမှလွတ်မြောက်စေသော မှော်လက်နက်

67 15 0
                                    

Chapter (34)
ဒုက္ခမှလွတ်မြောက်စေသော မှော်လက်နက်

မော့ရစ်ကန်း: "ပြဿနာပဲ... အားထိုက် ဘယ်ရောက်သွားတာလဲ"

ချိုးယုံစစ်: "ဒါ မကောင်းဘူးလား? အနည်းဆုံးတော့ သူက အန္တရာယ် မရှိ​သေးဘူးလေ"

ဟုန်ကျွင့်က မျက်မှောင်ကြုတ်ပြီး "မင်းတို့ ဘယ်လို အလိမ်ခံလိုက်ရတာတုန်း"

ထိုညတွင် လူတိုင်း လမ်းခွဲပြီးနောက် လီကျင်လုံ၊ မော့ရစ်ကန်းနှင့် ချိုးယုံစစ်တို့သည် ငါးကြင်းနတ်ဆိုးဆီက သတင်းမရရှိမီတွင် ထောင်ချောက်ထဲသို့ ကျရောက်သွားကြပြီ။ ကျုံးအောက်ရှိ နောက်ထပ် ဥမင်လိုဏ်ခေါင်း၊ ငန်းရိုင်းမျှော်စင်နှင့် မနီးမဝေးက လူနေအဆောက်အအုံတစ်ခုနှင့် မြို့အပြင်ဘက်ရှိ လှိုဏ်ဂူတစ်ခုတွင် ဟုန်ကျွင့်နှင့် အားထိုက်တို့ မြင်ခဲ့သည့် တူညီသော မှော်အစီအရင် စက်ဝိုင်းတစ်ခုကို ရေးဆွဲထားတာ တွေ့ခဲ့ရသည်။

ငါးကြင်းနတ်ဆိုးသည် အားထိုက်ကိုသာ တွေ့ရှိပြီးနောက် အခြားသူများ၏ နေရာကို သိရှိရန် မြစ်တစ်ဝိုက်တွင် ရှာဖွေခဲ့​သေးသည်။

မော့ရစ်ကန်းနှင့် ချိုးယုံစစ်တို့သည် စစ်ဆေးရန်အတွက် မှော်အစီအရင် စက်ဝိုင်းအတွင်းသို့ စွမ်းအားများ ထိုးသွင်းလိုက်စဥ် သွေးစက်များဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လီကျင်လုံသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း ခံရချိန်တွင် မလွတ်မြောက်နိုင်သောကြောင့် ရဲရင့်စွာ ဆုံးဖြတ်ချက်ချကာ တိုက်ခိုက်ရင်း အားနည်းကာ သတိလစ်သွားခြင်း ဖြစ်နိုင်သည်။

ဟုန်ကျွင့်နှင့် အားထိုက်တို့သာလျှင် အကြေးခွံများကို ကောက်ယူခဲ့ပြီး မှော်အစီအရင် စက်ဝိုင်းမှ ဤနေရာသို့ တယ်လီပို့ခြင်း ရလဒ်ကို ရှောင်ရှားခဲ့သည်။

"ဒါပေမဲ့ သာမာန်လူတွေက မှော်အစီအရင် အဝိုင်းထဲကို ဝိညာဉ်စွမ်းအားတွေ ထည့်ထားပြီးတာနဲ့ ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးလေ.... ဘယ်လိုအကျိုး သက်ရောက်မှုရှိလဲ ဆိုတာကို သိအောင် ကြိုးစားသင့်လား"

မော့ရစ်ကန်းက ပထမဦးစွာ အကြံပေးလာသည်။ ဟုန်ကျွင့်လည်း သဘောတူလိုက်လေ၏။

ထျန်းပေါင်ဖူယောင်းလု (mmtrans)Where stories live. Discover now