Chapter (37)
ပြင်ဆင်တုန်း လာပြီရှင့်ချင်နန်းတော်၏ အနောက်ဘက် ခန်းမတွင် ဟုန်ကျွင့်နှင့် လီကျင်လုံတို့သည် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် နာကျင်နေမှုကို ခံစားခဲ့ရပြီး ၎င်းတို့၏ အတွင်းအင်္ဂါများ ညှစ်ထုတ်လုနီးပါး ဖြစ်နေသည်။ ဓားကို လွှဲရန် သူ့လက်ကို မြှောက်ထားသော်လည်း မလုပ်နိုင်ချေ။
"ခေါင်းဆောင်..."
"ခဏနေဦး..." လီကျင်လုံက ခက်ခက်ခဲခဲ ပြောပြီး။
"ကြည့်... ဒီသွေးပင်လယ်ထဲက..တစ်ခုခု.... အသက်ရှင်နေတယ်..."
"ကျွန်တော် အော့အန်မိတော့မယ်"
လီကျင်လုံသည် သွေးပင်လယ်ပြင်ပေါ်တွင် ထွန်းလင်းရန် သူ၏နှလုံးမီးအိမ်ကို ရွှေ့လိုက်သောအခါ နှလုံးမီးအိမ်ဖြင့် လင်းထိန်နေသော ဧရိယာရှိ သွေး၏အရောင်သည် ပိုမိုတောက်ပလာကာ ကျန်ရှိသော နေရာများ၏ အရောင်သည် ပို၍နက်မှောင်လာသည်။
ဒါက အလင်းရဲ့နောက်ဆက်တွဲလား ဒါမှမဟုတ် ဒီသွေးအိုင်က နှလုံးမီးအိမ်ကို တကယ်ကြောက်သလားဆိုတာ သူ မပြောနိုင်သေးပါဘူး။
"မင်းရဲ့ ခွန်အားကို စုဆောင်းပြီး နတ်အလင်းငါးရောင်ကို ဖြန့်ချလိုက်..."
လီကျင်လုံ ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလိုက်သည်။ ဟုန်ကျွင့်သည် သူ့အဆုတ်အတွင်း နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်သည်။ လီကျင်လုံ၏ မျက်နှာသည် သူ့ရှေ့၌ တဖြည်းဖြည်း တောက်ပသွားပြီး သူ့မျက်လုံးများက မှုန်ဝါးလာသည်။
လီကျင်လုံ: "အဆင်သင့်ဖြစ်ပြီလား...?"
ဟုန်ကျွင့်သာ် အလွန်သေးငယ်သော နေရာတစ်ခုတွင် တင်းတင်းကျပ်ကျပ် ဖိညှစ်ခံထားရသည်။ လီကျင်လုံလည်း အစွမ်းကုန် ကြိုးစားကာ အသက်ပြင်းပြင်း ရှူလိုက်တော့ သူ့ရင်ဘတ်ထဲက အလင်းရောင်များ တောက်ပလာသည်။
နှလုံးမီးအိမ်၏ အလင်းရောင်သည် မည်သည့်နေရာ၌မဆို တောက်ပနိုင်သည်။ ၎င်းကြောင့် သွေးပင်လယ် အတွင်းရှိ အရောင်များက ထူးထူးခြားခြား တောက်ပနေပုံရပြီး အမှောင်ထုထဲ လင်းထိန်သွားသည်နှင့် တပြိုင်နက် အရိပ်မည်းက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ လီကျင်လုံလက်မှ အဖြူရောင် အလင်းတန်းများ ထွက်လာပြီး သွေးပင်လယ်ထဲသို့ ဦးတည်သွားစေသည်။ အလင်းရောင် တိုးလာသည်နှင့်အမျှ အမှောင် ဧရိယာသည် အလင်းရောင် ပုံသဏ္ဌာန်ကို ရှောင်ရှားကာ အနောက်တစ်နေရာတွင် စုစည်းနေသည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.