အခန်း​၆၀ ။ ကြက်​သွေး​ရောင် ရွှေသတ္တု​တွင်း

152 10 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်အခန်း​၆၀ ။ ကြက်​သွေး​ရောင် ရွှေသတ္တု​တွင်း


လူအားလုံးမှာ ထို​မြင်​ကွင်းကြောင့် တုန်​လှုပ်​သွား​ကြပြီး ရှန်​မိသားစု၏ စည်း​မျဉ်းများကို ဆန့်ကျင်​ရန် စိတ်​မကူးဝံ့တော့ပေ။ ကျန်း​ချန်​ရွှမ်​လိုချင်​သည်​မှာလည်း သည်အချက်ပင်ဖြစ်သည်။ ထို့နောက်​ ရှန်း​မိသားစု၏ ကျင့်ကြံ​သူများ စီမံခန့်ခွဲမှုအောက်တွင်​ လူအားလုံး​မှာ အသိ​စိတ်​စင်မြင့်​ပေါ်​သို့ တစ်ယောက်​ပြီး​

တစ်ယောက်​တက်ကာ အစစ်ဆေးခံကြပါတော့သည်။ လူများ​စွာအနက် နှစ်ယောက်သောသူမှာ နတ်ဆိုးကျင့်ကြံသူဖြစ်နေသည့်အတွက် ကျန်း​ချန်​ရွှမ်​ကိုယ်တိုင်​ သုတ်သင်ပစ်လိုက်ရသည်။

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အားလုံး စစ်ဆေး​ပြီးချိန်တွင် အခြေခံတည်ဆောက်မှုအဆင့်​ ကျင့်ကြံသူ​များကို စစ်ဆေး​ရန် အလှည့်​ကျ​လာသည်။ ကျန်း​ချန်​ရွှမ်​က ဟုန်​ဝမ်​တောင်​နှင့်​ အခြေခံ​တည်ဆောက်​မှု ​အဆင့်​ကျင့်ကြံသူ​အားလုံး​ကို

"ခင်ဗျား​တို့​ကို​တော့ အဆင့် ၃ အသိစိတ် အဆောင်​ပစ္စည်း​သုံး​ပြီး စစ်မေးမှာပါ"

အဆင့် ၂ အသိ​စိတ်​စင်​မြင့်သည် ချီ​သန့်စင်​ခြင်း​အဆင့်​ ကျင့်ကြံသူ​များ​ကို စစ်မေး​ရန်​ လုံလောက်​သော်​လည်း အခြေခံ​တည်ဆောက်​မှု​အဆင့်​ များ​ကို​တော့ စစ်ဆေး​ရန်​ မလုံလောက်​ပါ။ ထို့​ကြောင့်​ အဆင့်​၃ အသိ​စိတ်​ဝိညာဉ်​ အဆောင်​ပစ္စည်း​များကို​အသုံးပြု၍ တစ်ဦးချင်းစီ စစ်မေးဖို့ လိုအပ်​လာပါသည်။

အခြေခံ​တည်ဆောက်​မှု​အဆင့် ​ကျင့်ကြံသူ​များမှာ အရေအတွက်​မများသည့်အတွက် ကျန်း​ချန်​ရွှမ်​တို့ ရှန်းမိသားစုတွင် အဆောင်​အရေအတွက်​ အလုံအလာက်ရှိသည့်အပြင် ပိုလျှံ​နေပါသေးသည်။ ဟုန်​ဝမ်​တောင်​နှင့်​ ကျင့်ကြံသူ​အချို့မှာ သဘော​ကျဟန်မတူသော်လည်း တစ်စုံ​တစ်​ရာ​မပြောဘဲ အသာတကြည်​လက်​ခံလိုက်ကြသည်။ ဟုန်​ဝမ်တောင်နှင့် ရတနာ​ပွဲကြည့်​စင်မှ လူများ​ကို စစ်မေး​ရာ​တွင် နတ်ဆိုးကျင့်ကြံသူများနှင့် ပတ်သက်​မှုမရှိကြောင်း တွေ့ရသည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now