Part-6(Unicode)

3.7K 76 0
                                        

"အကို... အကို ကိုခွန်း.."

"ပြောပါဗျာ"

"ဟိုလေ ဒယ်ဒီကလေအရင်ထဲကဒီလိုပဲ ခက်ထန်တာလားဟင်..မြူနဲ့စတွေ့တုန်းက သူကတအားကြင်နာတာကို"

"အင်း..မာန်မာန်က နူးညံ့ပါတယ်ကွ။အခုလိုဖြစ်နေတာကလဲအကြောင်း တစ်ခုကြောင့်ပါ"

"ဘာအကြောင်းလဲဟင်"

"ဟောဗျာ စပ်စုလိုက်တာ..အသေးလေးသိဖို့မလိုဘူးဟုတ်ပြီလား."

"ကယ် ဒေါ်စပ်စုစိန်ရေ ကျောင်းရောက်နေပါပြီခဗျာ ဆင်းလို့ရပါပြီ"
ဟန်တိုင်းခတ်မောင်ပြောလိုက်သည့်စကားကြောင့် ခွန်းစစ်နောင်ရော မြူပါရယ်မိသည်။

"မင်းကလဲ ကလေးကိုသွားပြီးတော့"

"အ့ဆို တာ့တာနော် မြူသွားတော့မယ်"

"အင်း..အင်းးဘိုင့် အသေးလေး"

"ဟျောင့် တိုင်းခတ်မောင်"

"အင်းပြောလေ"

"မာန်မာန်က အရင်ကဒီလိုမဟုတ်တာတော့အမှန်ပဲကွ..အခုကတခြားလူလိုပြောင်းလဲသွားတာ"

"သူစိတ်နာတာကြောင့်နေမာပါ"

"ဒါပေမဲ့ အသေးလေးမှာ အပစ်မှမရှိတာ အခုကြည့်ပါလား ခြေသလုံးတွေမှာရောလက်တွေမှာပါအချိုးရာတွေကြီးပဲ"

"အေးကွာ မာန်မာန့်ကိုလဲဘာမှပြောလို့မှမရတော့တာ"

အခုဆိုရင် မြူတစ်ယောက် အတ္တမင်းမာန်ရဲ့နှိပ်ဆက်မှုတွေနဲ့နေနေရတာ ၃လလောက်ပင်ရှိမည်။မြူကျောင်းမှာအပစ်လုပ်တ်ုင်းလဲအတ္တဟာမြူ့အား1ပတ်လောက်မထနိုင်အောင်ပင်ရိုက်နှပ်လေ့ရှိသည်။ဒါပေမဲ့ခွန်းစစ်နောင်၊ဟန်တိုင်းခတ်မောင်နှင့် အိမ််အကူဒေါ်ခင်သီတာတို့ကတော့ မြူ့အပေါ်ကောင်းပေးကြသည်။ခွန်းဆက်နောင်နှင့်ဟန်တိုင်းခတ်မောင်ဆိုလျှင် မြူ့အားညီမလေးအရင်းသဖွယ်ကောင်းပေးကြသည်။
*****
"ဟိတ် အလှလေး"
မြူလှည့်မကြည့်ပါ။ထိုအကောင်တွေဟာသူ့အားလိုက်နှောက်ယှက်နေတာအတော်ကြာပြီ။
မြူ့အရှေ့မှပိတ်ရပ်လိုက်တာကြောင့်မြူလန့်သွားသည်။

"မင်းက ကိုယ်တို့ခေါ်တာကိုချေတာပေါ့ဟုတ်လား"
မြူ့ပါးအားမထိတထိကိုင်ကာပြောနေပုံမှာ အင််မတန်ရွံစရာရုပ်ပင်။

ကံကြမ္မာဖြင့်ချည်နှောင်ထားသော(Complete)Donde viven las historias. Descúbrelo ahora