chapter 28

1.3K 184 4
                                    

Chapter 28
June 13, 2024
💮Chapter 28

ခဏအကြာတွင် အမျိုးသမီးက အကြည့်လွှဲလိုက်သည်။

“အရှင့်သား မလာတော့ဘူးလို့ ကျွန်မထင်နေတာ …”

မိန်းကလေးက ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ရင်း အပြုံးဖြင့်ဆို၏။ သူမ၏ အသံက တောင်ကြားမှ စီးဆင်းလာသည့် စမ်းချောင်းလေးနှယ် ညင်သာ၍ အေးချမ်းလှသည်။

“ကျွန်မ ဒီကိုလာတော့ တကယ်လို့ အိမ်ရှေ့မင်းသားသာ မလာရင် တခြားနေရာကို သွားရမယ်လို့တောင် တွေးနေခဲ့တာလေ …”

အမျိုးသမီး၏ စကားထဲတွင် မကျေနပ်မှုများ ပါဝင်နေကြောင်း ဝမ်ချီ ခံစားလိုက်ရ၏။ သို့သော် ရှစ်ယဲ့က ဘာမှမဖြစ်ဟန်ဖြင့် အနောက်သို့သာ လှည့်လိုက်သည်။

“မင်းသမီးကြီးက ကျွန်တော့်ကို တကူးတက ဖိတ်ကြားခဲ့တာပဲ .. ဒီတူတော်က ဘယ်လိုလုပ် မလာပဲနေပါ့မလဲ …”

မင်းသမီးကြီးလား …

သူက တကယ်ပဲ မင်းသမီးကြီးပေါ့ …

ဝမ်ချီ အံ့အားသင့်သွား၏။ သူက ကိုယ်ကို အမြန်မတ်ကာ စားပွဲပေါ်ရှိ ဌာပနာမုန့်အား လက်လှမ်းရင်း မင်းသမီးကြီးအား ခိုးကြည့်လိုက်သည်။

လက်ရှိအချိန်တွင် သူက အတော်လေး ဂရုတစိုက် ခိုးကြည့်လိုက်ခြင်း ဖြစ်၏။ မင်းသမီးကြီးမှာ အလွန်လှပပြီး သုံးဆယ်ကျော်ရှိမည် ဆိုသော်လည်း အသက်နှစ်ဆယ် အရွယ်ဟုသာ ထင်ရလေသည်။

မင်းသမီးကြီးက ရိုးရှင်းသော အဖြူရောင်ဝတ်ရုံအား ဆင်မြန်းထားသည်။ ဝတ်ရုံ၏ လက်အနားစနှင့် စကပ်အနားစတွင်မူ ဇီးပန်းပွင့်များဖြင့် ချယ်လှယ်ထား၏။ သူမ၏ နက်မှောင်လှပသော ဆံနွယ်များက ရေတံခွန်သဖွယ် ဖြာကျနေပြီး ဘဲဥပုံသဏ္ဌာန်မျက်နှာထက်၌ ကွေးညွှတ်သော မျက်ခုံးတန်းလေးများနှင့် ထက်မြသော မျက်ဝန်းတစ်စုံမှာ ထင်ထင်ရှားရှား ရှိနေသည်။ အထူးသဖြင့် သူမ၏ မျက်ဝန်းတစ်စုံမှာ အလွန်မဟာဆန်လှပြီး ရှေးခေတ်အလှလေးတစ်ဦး၏ အသွင်ကိုဆောင်လျက်ရှိ၏။

ဝမ်ချီက ခေတ်သစ်တွင် အလှလေးများစွာ မြင်ဖူးသော်လည်း မင်းသမီးကြီးကိုမူ မည်သူမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now