Translation of Pearl In The Palm.
Translator – Erata Team
ဖဝါးထက်က ပုလဲသွယ် (၈၈)
________
နေ့လယ်စာ စားပြီးနောက် တိရှောင်းသည် မိဖုရားခေါင်ကြီးကို ပြောလိုက်လေ၏။
“ကျွန်တော် ဝမ်ဖေးကို အရင်ဆုံး ပြန်ခေါ်သွားတော့မယ်”
ယဲ့ကျားယိုသည် အပြင်သို့ ရောက်သောအခါ ပြောလိုက်လေ၏။
“အရှင့်သား၊ မမ ကျွန်တော်က မင်းသားချန်ရဲ့သားကို သွားကြည့်မလို့။ သူ့ဆီ အရင်သွားလိုက်ဦးမယ်”
ယဲ့လီကျူးက ခေါင်းညိတ်လိုက်၏။
“လမ်းမှာ ဂရုစိုက်။ မဆော့နဲ့။ သူ့ဆီ သွားပြီးရင် အိမ်ကို စောစောပြန်”
ယဲ့ကျားယိုက ပြုံးလိုက်၏။
“ကျွန်တော် အားလုံးသိပါတယ် စိတ်မပူပါနဲ့”
ယဲ့ကျားယို ထွက်သွားသောအခါ တိရှောင်းသည် ဘေးကနေ တည်ငြိမ်စွာ ပြောလိုက်လေ၏။
“မင်းရဲ့မျက်လုံးတွေက သူ့ဆီမှာ တွယ်ကပ်နေလိုက်တာ။ ကိုယ့်ကိုကျ ဒီလောက် မချစ်ခင်တဲ့ပုံနဲ့”
ယဲ့လီကျူးက အသိပြန်ကပ်လာပြီး အစောတုန်းက ထမင်းစား စားပွဲ၌ တိရှောင်း သူမကို ဘာလုပ်ခဲ့လဲဆိုတာ သတိရသွားပြီး အနည်းငယ် ရှက်သွေးဖြာသွားကာ ပြောလိုက်၏။
“ပြောတာ တော်တော့”
လက်ထပ်ပြီးနောက် ယဲ့လီကျူး၏ အသားအရေသည် ပိုမိုကောင်းမွန်လာပြီး ဆွဲဆောင်မှုရှိကာ ကျက်သရေ ရှိနေ၏။ သူမသည် ယနေ့၌ ကျော့ရှင်းသော ဝတ်စုံများလည်း ဝတ်ထားပြီး ကြေးသွေးရောင် ဝတ်စုံကလည်း သူမကို ပိုပြီး လှပနေစေတော့သည်။
တိရှောင်းသည် သူမနောက်မှ လိုက်လာပြီး နှစ်ယောက်သား မြင်းလှည်းထဲသို့ အတူဝင်လိုက်ကြ၏။
ယဲ့လီကျူးသည် မွန်းတည့်ချိန်တွင် ငိုက်မျဉ်းတတ်၏။ မြင်းလှည်းထဲ ရောက်ပြီးနောက် သူမသည် တိရှောင်းဘက် အလိုလို မှီသွားတော့သည်။ သူသည် အလွန်အေးစက်သော အထိအတွေ့ဖြင့် မာကျောသော သံချပ်ကာကို ဝတ်ထားတာ ဖြစ်သည်။
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
