Translation of Pearl In The Palm.
Translator – Erata Team
ဖဝါးထက်က ပုလဲသွယ် (၈၉)
________
ယဲ့လိကျူး နိုးလာပြီးနောက် သူမဘေးကို ထိလိုက်သော်ငြား ရှင်းလင်းနေပြီး မည်သူမှ မရှိပေ။
သူမ မျက်ခုံးနှစ်ဖက်ကြားကို ပွတ်လိုက်၏။ ယခု အတော် နောက်ကျနေပြီ ဖြစ်သည်။ တိရှောင်းက ရုံးတော်သွားတာ သို့မဟုတ် တခြားအလုပ်ကိစ္စများ သွားလုပ်နေတာ ဖြစ်လောက်သည်။
ဟိုက်ထန်က ယဲ့လိကျူးကို အဝတ်အစားလဲရန် ကူညီပေးပြီး ယဲ့လိကျူးက သူမကိုယ်သူမ ကြေးမုံထဲတွင် ကြည့်လိုက်သည်။ အသားအရေက ဖြူဖွေး ကြည်လင်နေပြီး မျက်ခုံးက တောက်ပလျက် အနက်ရောင်ဆံနွယ်သည် ရေတံခွန်ပမာ ကျော၌ ဖြာကျနေလေ၏။
ဟိုက်ထန်က စန္ဒကူးဘီးကို သုံးကာ ယဲ့လိကျူး၏ ဆံနွယ်ရှည်များကို ဖီးသင်ပေးလျက် ညင်သာစွာ ပြောလိုက်တော့သည်။
“ဝမ်ဖေး ဒီကာလအတွင်း ကျေးဇူးပြုပြီး ပြင်ဆင်ပေးထားပေးပါ။ ရက်အနည်းငယ်အတွင်း ဝမ်ဖေးက ရှန်ကျိုးကို ပြန်ရမှာ”
“ဒီလောက်မြန်တယ်လား”
ယဲ့လိကျူးသည် သာမန်ကာလျှံကာ ပြောလိုက်လေ၏။ သူမသည် ရုံးတော်အကြောင်း သိပ်မသိသော်ငြား ကိစ္စအချို့အကြောင်း တစ်ခု နှစ်ခုတော့ သိသည်။ အိမ်ရှေ့စံမင်းသား၏ အစ်ကို စုံစမ်းစစ်ဆေးရေးအတွက် တောင်ပိုင်းကို သွားတာက ကိစ္စကောင်းတစ်ရပ်ဖြစ်ပြီး သူသည် သူ၏ အကျိုးအမြတ်အတွက် ဒေသခံအမှုထမ်းတချို့ကို အောင်နိုင်ပြီ ဖြစ်၏။ သို့သော်ငြား ရုံးတော်က ဆုံးရှုံးမှုတချို့ ကြုံတွေ့ရမည်မှာ မလွဲမသွေပဲ ဖြစ်သည်။
တိရှောင်နှင့် အိမ်ရှေ့စံမင်းသားက တူညီသည့် အင်အားစုမှ လာတာဖြစ်ပြီး အိမ်ရှေ့စံမင်းသား မြို့တော်မှ ထွက်သွားချိန်တွင် တိရှောင်းက မြို့တော်၌ နှစ်ဝက်နီးပါး နေရမည်။
ဟိုက်ထန်က ပြောလိုက်သည်။
“အိမ်တော်ထဲက တစ်စုံတစ်ယောက်က စတင်ထုတ်ပိုးနေတာကို ဒီအစေခံ တွေ့လိုက်တာပါ။ ဒီတော့ သူတို့တွေက အရှင့်အမိန့်အတိုင်း ဆောင်ရွက်တာပဲ ဖြစ်မည်”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
