7.2

810 32 0
                                        

<Unicode>
နှင်းစန္ဒာ သူ့အဖေဆီရောက်ချိန် ဆိုင်ထဲတွင် လူက ပြည့်ကျပ်နေပြီး အလုပ်သမားတွေကလည်း လက်မလည်အောင်လုပ်နေရသည်။

စာဖိုးမှူးက စုစုပေါင်း ၅ ယောက်သာရှိတာမို့ မှာသမျှကို အချိန်မှီအောင်အမြန်ချက်ပြုတ်နေရသည်။

နှင်းစန္ဒာ မီးဖိုချောင်ဆီဝင်သွားချိန်လည်း စာဖိုးမှူးတွေက ချွေးတစ်ပြိုင်ပြိုင်ကျနေရင်း လျှင်မြန်စွာ ချက်ပြုတ်နေကြသည်။

အမှာစာတွေကလည်း အဆက်မပြတ်ထပ်ရောက်နေတာမို့ နှင်းစန္ဒာ ကြည့်မနေနိုင်တော့ဘဲ အဝတ်လဲကာ အမှာစာထဲက ဟင်းတွေကို ဒယ်အိုးသုံးလုံးနဲ့ တစ်ပြိုင်နက်ထဲစချက်တော့သည်။

ပါဝင်တဲ့ဟင်းအမယ်တွေကို လျှင်မြန်စွာ လှီးဖြတ်လိုက်ပြီး ဒယ်အိုး သုံးလုံးထဲ ဆီထည့်ကာ ချက်ပြုတ်နေသည်။

ယောက်မကိုလည်း လက်နှစ်ဖက်လုံးကိုင်ပြီး ချက်နေတာကြောင့် နာရီဝက်အတွင်း ဟင်း သုံးမျိုးက အမြန်ပြီးဆုံးသွားသည်။

နောက်ထပ်အမှာစာတွေကိုလည်း သေချာကြည့်ပြီး ချက်ပြုတ်လိုက်တာကြောင့် သိပ်မကြာခင်မှာဘဲ အမှာစာတွေက နည်းနည်းသွားသည်။

နာရီကြည့်လိုက်တော့ နေ့လည် ၂ နာရီတောင်ရှိနေပြီ အကုန်လုံးက နေ့လည်စာမစားရသေးတာကြောင့် နှင်းစန္ဒာ သူမအဖေကိုကြည့်ကာ

"ဖေဖေရေ လူလည်းနည်းသွားပြီ နေ့လည်စာစားရအောင်"

"အင်းအင်း အဖေချက်လိုက်မယ်"

"သမီးလုပ်လိုက်မယ် အဖေတို့သွားနားလိုက်"

သူ့မအဖေလည်းဆက်မငြင်းတော့ဘဲ ခေါင်းငြိမ့်ကာ သူ့အဖော်တွေကိုခေါ်ပြီး အပြင်က စားပွဲတစ်ပွဲမှာ ဝင်ထိုင်နားလိုက်သည်။

နှင်းစန္ဒာ မီးဖိုချောင်ထဲမှာရှိတဲ့ ဟင်း ၅ မျိုးကိုအမြန်ချက်လိုက်သည်။ဒယ်အိုးကို အကိုင်းကကိုင်ပြီး ဟင်းတွေကို လှော်နေပုံက ကျွမ်းကျင်ပညာရှင်အလား ထင်ရသည်။

တစ်နာရီကြာတော့ ဟင်းပွဲ ငါးမျိုးက အဆင်သင့်ဖြစ်သွားသည်။နှင်းစန္ဒာ ဟင်းပွဲတွေကို ဗန်းထဲထည့်ပြီး အပြင်ကို ထွက်လာခဲ့သည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Dove le storie prendono vita. Scoprilo ora