8.6

644 25 0
                                        

<Unicode>
မာတင်ကလည်း သူတွေးနေတဲ့ကြားထဲကနေ သူ့ချစ်သူကောင်မလေးကပါထပ်ပြီးတိုက်တွန်းနေတာကြောင့် Venus ဂြိုလ်ကိုတိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ချက်ချင်း သူ့အဖွဲ့သားတွေကိုအစည်းအဝေးခေါ်ပြီး နောက်တစ်ပတ်ကြာရင် Venus
ဂြိုလ်ကိုတိုက်ဖို့အဆင်သင့်ပြင်ထားခိုင်းလိုက်သည်။

သူတို့ပြင်ဆင်နေသလို နစ်တိုတို့ကလည်း ပြင်ဆင်နေသည်။ထရီဆာက သူ့စကားအတိုင်း ယာဉ်အပျက်တွေကို သေချာကောင်းအောင်ပြင်ဆင်ပေးသလို စက်ရုပ်တွေကိုလည်း တည်ဆောက်ပေးသည်။

သူတည်ဆောက်တဲ့စက်ရုက်တွေကို system တွင်သင်ထားခဲ့တဲ့အတိုင်းခိုင်အောင်ဆောက်ခဲ့တဲ့အပြင် ကာကွယ်တဲ့စနစ်ကိုလည်း အဆင့်ပိုမြှင့်လိုက်သည်။

အရင်က စက်ရုပ်တွေက လူကိုယ်တိုင်ထိန်းချုပ်ရတာကြောင့် လက်နှစ်ဖက်ကလွဲလို့ဘာမှလုပ်မရပေ...

ယခုတွင်တော့ ထရီဆာက စက်ရုပ်တွင် စက်သေနတ်နှင့် ဓါးရှည်တစ်ချောင်းကိုပါ လျို့ဝှက်ကာသိမ်းထားလိုက်သည်။

ထို့အပြင် အဝေးပစ်လို့ရသည့် ကျည်ဆန်၊ဒုံးကျည်၊ဗုံးတွေကိုလည်း ပစ်လို့ရအောင်အဆင့်မြှင့်လိုက်သည်။

ဒါတင်မကသေး အန္တရာယ်ကြုံလာရင်ထွက်ပြေးဖို့ တောင်ပံတစ်ချို့အပြင်အပြေးမြန်အောင်လည်းအဆင့်မြှင့်လိုက်သေးသည်။

ယာဉ်တွေကိုလည်း အရင်ကထပ်ပိုသွက်လက်လျင်မြန်အောင်တည်ဆောက်လိုက်တဲ့အပြင် အော်တိုစနစ်ကိုလည်း တပ်ဆင်ပေးလိုက်သည်။

ထိုယာဉ်တွေကို အဝေးကနေလည်းထိန်းချုပ်နိုင်အောင်ခလု‌တ်တွေကိုလည်းတပ်ဆင်ပေးလိုက်သေးသည်။

ထရီဆာက 3 ရက်အတွင်း စက်ရုပ်ပေါင်း 500 ကျော်လုပ်ပေးပြီး ယာဉ်စုစုပေါင်း 1000 ကျော်ပြန်ပြင်လိုက်နိုင်သည်။

သူမလုပ်နေချိန် ဘေးနားတွင်အကူအညီ‌ရအောင်ခေါ်ထားတဲ့ စစ်သည် 9 ယောက်ကိုလည်း တည်ဆောက်ပုံတွေကိုသင်ပေးလိုက်သည်။

ယာဉ်တွေထိန်းချုပ်ပုံ၊စက်ရုပ်ကိုင်တွယ်ပုံတွေကို စစ်သည်တွေဆီကိုယ်တိုင်ကိုယ်ကျသင်ကြားပေးလေသည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now