<Unicode>
သူတို့နှစ်ယောက်ဘယ်လိုတောင် လူကြီးတွေရှေ့ရန်ဖြစ်ရဲရတာလဲ အရင်ကဆိုရင်တော့ နှစ်ယောက်သားက စကားစများပြီဆိုတာနဲ့လက်ကပါပြီးသားဘဲ..
နှစ်ယောက်သား ချိန်းတွေ့တိုင်း ဟိုက လက်ကိုင်လာပြီဆိုရင် ဆက်ဧကရီကပုတ်ထုတ်လိုက်နဲ့ပြီးရင် စကားစများကြတော့တာဘဲ..
စကားများပြီဆိုတာနဲ့ဆေးရုံကတန်းရောက်ပြီဘဲ ဒါတောင်ဘာလို့တွဲနေကြလဲဆိုပြီးမေးရင် ရန်ဖြစ်ရတာကိုသဘောကျလို့ဘဲ...
ဆက်ဧကရီ သူ့ Daddy ရဲ့အင်္ကျီစကိုဆွဲလိုက်ပြီး
"Daddy baby တောင်းပန်ပါတယ်"
ဆိုပြီးအသံတိုးတိုးလေးနဲ့ပြောလိုက်သည်။သူမအသံကတိုးပေမဲ့တိတ်ဆိတ်နေတဲ့ထမင်းစားခန်းတွင် လူတိုင်းကြားနိုင်လောက်အောင်ကျယ်ပေသည်။
အနေခက်ကာတိတ်ဆိတ်နေတဲ့အခြေအနေကြောင့် သခင်မကြီးမှ
"ပန်းကန်တွေကို အိမ်အကူတွေဘဲသိမ်းကြပါစေ ကလေးတွေလည်းပင်ပန်းနေလောက်ရောက်ပေါ့ ခနနားပြီးအိပ်ယာဝင်ကြတော့နော် မေမေတို့တော့သွားနားတော့မယ်"
ဆိုပြီးသူ့ယောက်ျားလက်ဆွဲကာ အပြုံးနဲ့အခန်းထဲသို့ဝင်သွားတော့သည်။အခန်းထဲရောက်တော့မှ အကျယ်ကြီးထရီတော့သည်။
"ဖေကြီး ချွေးမနဲ့သမက်က ချစ်သူတွေဖြစ်ခဲ့ဖူးမယ်လို့မထင်ထားဘူး ပြီးတော့ သူတို့နှစ်ယောက်က ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ အရင်ကတိတ်ဆိတ်နေတဲ့အိမ်လေးက ချွေးမနဲ့သမက်ရောက်လာမှ လူနေအိမ်လိုအသက်ဝင်သွားတယ်လို့မထင်ပါဘူး"
"ဖေကြီးအမြင်လည်း မေကြီးနဲ့အတူတူပါဘဲ"
ဒီအိမ်တ္ငင်လူများသလောက်အလွန်တိတ်ဆိတ်လှသည်။သားနှစ်ယောက်ကလည်း ငယ်ငယ်ကတည်းက ဆူညံသံတစ်ချက်မှမထွက်ဘဲနေခဲ့ကြသလို ကြီးလာတော့လဲ အလုပ်တွေနှင့်သာ အချိန်ကုန်ဆုံးကြသည်။
အိုမင်းနေတဲ့ လင်မယားနှစ်ယောက်က အသက်အရွယ်ရလာတာနဲ့အမျှ တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲတွင်နေရတာကို အထီးကျန်သလိုခံစားလာရသည်။
